Home » » မန်စီးတီးအသင်းရဲ့ ၁၉ နှစ်အရွယ် လူငယ်နောက်ခံကစားသမား ဖရက်ဒီဗက်ဆဲလီကို ခေါ်ယူလိုက်နိုင်တဲ့ မန်ယူ

မန်စီးတီးအသင်းရဲ့ ၁၉ နှစ်အရွယ် လူငယ်နောက်ခံကစားသမား ဖရက်ဒီဗက်ဆဲလီကို ခေါ်ယူလိုက်နိုင်တဲ့ မန်ယူ

Written By မောင်စေတနာ on Thursday, February 2, 2012 | 3:30:00 AM



ပရီမီးယားလိဂ်လက်ရှိချန်ပီယံ မန်ယူအသင်းအနေဖြင့် ဆောင်းရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှ အနားယူသွားသော ၀ါရင့်ကွင်းလယ်ကစားသမား ပေါလ်စခိုးလ်ကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် အပြောင်းအရွှေ့၏ နောက်ဆုံးရက်ဖြစ်သည့် ယနေ့တွင် အသင်း၏ နောက်တန်းကို အားဖြည့်သော အနေဖြင့် မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းထံမှ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားဖြစ်သော ဖရက်ဒီဗက်ဆဲလီကို အရခေါ်ယူနိုင်ခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

မန်စီးတီးအသင်း၏ ဆွစ်ဇာလန်ကစားသမား ဗက်ဆဲလီမှာ သူ၏ မိခင်လက်ရွေးစင် ယူ ၁၇ အသင်းနှင့်အတူ ၂၀၀၉ ခုနှစ်က ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးပြီး ယင်းအောင်ပွဲရအသင်း၏ အသင်းခေါင်းဆောင် တစ်ဦးလဲ ဖြစ်သည်။

ဗက်ဆဲလီအနေဖြင့် မန်စီးတီးအသင်းဆီသို့ ၂၀၀၈ ခုနှစ်တွင် လော်ဆန်းနီအသင်းမှ ပြောင်းရွှေ့ရောက်ရှိလာသည့် ဗဟို ခံစစ် လူငယ်ကစားသမား တစ်ဦးဖြစ်ပြီး အသင်းတွင် တိုးတက်ကောင်းမွန်ခဲ့သော်လည်း အသင်းကြီးတွင် ပါဝင်ကစားခွင့် ဆုံးရှုံးခဲ့ပြီး ပြီးခဲ့သော နွေရာသီက မန်စီးတီးအသင်း၏ အမေရိက ခြေစမ်းခရီးစဉ် သုံးပွဲတွင် နှစ်ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သည်။

မန်ယူအသင်းအနေဖြင့် ပြောင်းရွှေ့ကြေးပမာဏနှင့် အပြောင်းအရွှေ့ အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပဲ မကြာမှီတွင် အသင်းပရိတ်သတ်နှင့် တရားဝင်မိတ်ဆက်ပေးဖွယ် ရှိနေသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။