Home » , , » နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်

Written By မောင်စေတနာ on Wednesday, February 1, 2012 | 7:30:00 AM



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြီးခဲ့သည့် တနင်္ဂနွေနေ့က နေပြည်တော်မှ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ သုံးရက်ကြာခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်း၊ ၀န်ကြီးဌာန အချို့မှ တာဝန်ရှိသူများပါ ပါဝင်ခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စင်ကာပူသမ္မတ တိုနီတန် ကန်ယမ်း၏ ဖိတ်ကြားချက်အရ ယင်းခရီးစဉ်ကို သွားရောက် ခဲ့သော သမ္မတ ဦးသိန်းစိန်မှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် နှစ်နိုင်ငံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး အပြန်အလှန်နားလည်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးဖွယ်ရှိပြီး စင်ကာပူ ၀ါရင့်ဝန်ကြီးဖြစ်သူ ဂိုချောက် တောင်နှင့်လည်း တွေ့ဆုံ မည်ဖြစ်ကြောင်း စင်ကာပူသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

Source by : http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။