Home » , , » The Lady (2011) ဇတ်ကားကို အလွယ်တကူ ဒေါင်းလွတ် ရယူနိုင်ပြီ

The Lady (2011) ဇတ်ကားကို အလွယ်တကူ ဒေါင်းလွတ် ရယူနိုင်ပြီ

Written By မောင်စေတနာ on Sunday, January 29, 2012 | 1:00:00 PM



The Lady (2011) ဇတ်ကားကြည့်ချင်သူတွေ အတွက်ပါ။ အခုလောလာဆယ် ထိုင်းမှာ ဖေဖော်ဝါရီ ၂ရက်နေ့ ရုံတင်မှာပါ။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မလေးရှားမှာ ရုံတင်မှာပါ။ ဒီဇတ်ကားတွေကို အင်တာနက်သုံးသော သူငယ်ချင်းတွေ အတွက် ဆိုက်တွေ တော်တော်များများ တင်ပေးထားပါတယ်။

ဒီအထဲက ကောင်းတဲ့ လွယ်ကူတဲ့ ဆိုက်လေးမှာ ဝင်ယူလိုက်ပါ။ The Lady ဇတ်ကားကို သိမ်းထားချင်သူများ မိမိရဲ့ ကွန်ပျူတာထဲကနေ အလွယ်တကူ ကြည့်နိုင်အောင် http://kanzaw.com/ ဆိုက်လေးမှာ အပိုင်း ၄ ပိုင်းပဲ တင်ပေးထားပါတယ်။ အလွယ်တကူ ဒေါင်းလွတ်ရယူနိုင်ပါတယ်။

The Lady (2011) ဇတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုသည် သူတို့၏ ဘဝကို အဓိကမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားပုံတို့ကို ပရိသတ်များ ကြည့်ရှုရမည်ဟု ထိုင်းနိုင်ငံတွင် အကြီးဆုံး ရုပ်ရှင်အုပ်စု တခု ဖြစ်သည့် Major Cineplex အင်တာနက် စာမျက်နှာတွင် ကြော်ငြာထားပြီး

နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေထဲကမှ သဒ္ဓါနှင့်လူ့နားလည်မှုတရားတို့ကို တင်ဆက်ပြသထားပြီး ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှု၏ ဗဟိုချက်နေရာမှ အမျိုးသမီး တယောက်၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှု အကြာင်းလည်းဖြစ်သည်ဟု သိရှိရပါသည်။

ပြင်သစ်ဒါရိုက်တာ Luc Besson က ၂ဝ၁ဝ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အဓိက ရိုက်ကူးထားပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ် အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားပါတယ်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် Jonathan Raggett, Jonathan Woodhouse နှင့် မြန်မာနိုင်ငံသားများ လည်း ပါဝင်သရုပ်ဆောင်ထားကြသည့် The Lady (2011) ဇတ်ကားလေးသည် မြန်မာနိုင်ငံသားအတွက် ကြည့်ရှုသင့်သော ဇတ်ကားလေး ဖြစ်ပါကြောင်း စာဖတ်သူများ အတွက် အသိပေးအပ်ပါတယ် ခင်ဗျာ။

အောက်ပါ နေရာများတွင် တိုက်ရိုက် ရယူနိုင်ပါသည်။ ဒီနေရာလေးမှာက ၇ ပိုင်း တင်ပေးထားပါတယ်။ ဒီနေရာလေးမှာ အရင်ဆုံး ဒေါင်းယူပါ။ အားလုံး အတူတူပါပဲ အဆင်ပြေတဲ့ နေရာလေးက ဝင်ရောက်ရယူပါ။

http://www.mediafire.com/

ကျမ်းကိုး -

1- ချင်းမိုင် (မဇ္ဈိမ)
2 - http://kanzaw.com/
http://www.nayzawlin.com/2012/01/lady-2011.html


Share this article :

5 comments:

Anonymous said...

တားတားရေ.............. လုပ်မတတ်ဘူးဟ
ဘယ်နားမှာ ဒေါင်းရမှာလဲ ..
ကိုဂျေလေးပါ ..

Phyoe Wai Kyaw said...

အကိုရေ .. mediafire က လေးဖိုင်တော့ ဆွဲလိုက်တယ်..ဖိုင်တွေ အကုန်ဆွဲပြီး ဖြည်လိုက်တာ 213789KB ရတယ်..၅၄ မိနစ်နဲ့၃၆စက္ကန့်ရတယ်..ဒါပေမယ့် ဇာတ်ကားက ဆုံးမသွားဘူး.. လုပ်ပါဥိး..အရမ်းကို ကြည့်ချင်နေလို့ပါ. ဘာပဲဖြစ်ဖြစ်တင်ပေးထားတဲ့ အကိုများကို ကျေးဇူးတင်ပါတယ်

zamt said...

လုံးဝမဒေါင်းကျပါနဲ့ ရုပ်ရှင်မပြည့်မပါပါဘူးဗျာ။ ဆယ်မိနစ်စာကိုပဲ ထပ်ခါထပ်ခါပြနေပါတယ်။ ဒီဆိုဒ် အက်မင်အနေနဲ့ ဒီပိုစ့်ကို ဖျက်ပေးဖို့တောင်းဆိုချင်ပါတယ် တခြားလူတွေ ဒုက္ခမရောက်အောင်ပါ။ ကျွန်တော်ဆို နှစ်ခါရှိပါပြီ။ ဒါမျိုးကို မိတာ။ အက်မင်အနေနဲ့ ပိုစ့်တစ်ခုကို တင်မယ်ဆိုရင် မိမိတင်တဲ့ပိုစ့် မှန်ကန်မကန်စစ်ဆေးပြီးမှတင်သင့်ပါတယ်။ ဒီပိုစ့်ကို ဖျက်ပေးဖို့ အထူးတောင်းဆိုပါတယ်.

dootcheck said...

ကိုဖြိုးဝေကျော်ပြောသလိုပါဘဲ ၅၄မိနစ်၃၆စက္ကန့် ဘဲရပါတယ် ဇတ်လမ်းပြီးသည်ထိ့ဆက်လက်တင်ပေးပါနော်...ကျေးဇူးတင်လျှက်

Anonymous said...

zamt ပြောသလိုပဲဒါပဲထပ်ကာထပ်ကာလာနေတယ်။ ၇ ပိုင်းကိုဒေါင်းရတာ ၅ညလုံးပဲ။ ဘာဖြစ်လို့လဲဗျာ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။