Home » , » Keyboard နဲ့ Mouse ကို Disable လုပ်ကြည့်ရအောင်

Keyboard နဲ့ Mouse ကို Disable လုပ်ကြည့်ရအောင်

Written By Anonymous on Tuesday, January 17, 2012 | 9:00:00 PM

ကျွန်တော် တို့ တွေ ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့ အခါ လုပ်လက်စ အလုပ်တစ်ခု ကို တစ်စုံ တစ်ယောက် က ကြားဝင် မနှောက်ယှက်စေချင်တဲ့ အချိန်မျိုးလေးတွေလည်း ရှိကောင်းရှိမှာပါနော်..အဲဒီ အလုပ်တစ်ခု ကိုတစ်ယောက်ယောက် က ကိုယ့်ရဲ့ဘေးက ကြည့်နေရုံ နဲ့ ဘာမှ ပြသာနာ မရှိပေမယ့် အဲဒါကို တော့ ဘာမှ ပြင်ဆင် ဖြည့်စွက် တာမျိုး မရှိစေချင်ဘူးလေ…တစ်နည်းပြောရရင်တော့ Keyboard တို့ Mouse တို့ကို ထိခွင့် မပေးချင်တာလေ….ဒီလို အခြေအနေမှာ ကျွန်တော် တို့ System ကြီးကို Hibernate လုပ်ထားလိုက်တယ် ဟုတ်။

ဒါပေမယ့် တစ်ယောက်ယောက်က ( ဥပမာ ကိုယ့် အိမ်က ကလေး လေး တွေ ဆိုပါတော့) တမင် ရည်ရွယ် ချက်ကြီးနဲ့ မဟုတ် တောင် Movie လေး Cartoon လေးတွေ ဖွင့်ပြထားရတဲ့ အခြေ အနေမှာ ကြည့်နေရုံက လွဲ ပြီး ဘာမှ Modify လုပ်ခွင့် မရအောင် Keyboard တွေ Mouse တွေ ကို ခဏ ဖြစ်ဖြစ် lock ချထားတာ အကောင်းဆုံးပါနော်….

ကဲလိုချင်ရင်တော့ Click လေးတစ်ချက် နှိပ်ရုံနဲ့ အလုပ်ဖြစ်တဲ့ Keyfreeze ဆိုတဲ့ Utility သေးသေးလေးနဲ့ မိတ်ဆက်ပေးပါမယ်…

KeyFreeze ဆိုတာ 497 KB ပဲ ရှိတဲ့ ၀ဲ သေးသေးလေး ပါ။ ဒေါင်းပြီး rar ဖြည်ပါ… ပြီးလျှင် Install လုပ်လိုက်ပါ။ အောက်က ပုံလိုလေး သူရဲ့ Window က Lock Keyboard & Mouse ကို Click တစ်ချက်နှိပ်လိုက်ရုံပါ။သူက 5 Seconds ပဲ ကြာပါတယ် ။


Screen ပေါ်က အရာတွေ က လုပ်မြဲ တိုင်း လုပ်နေပြီး Process တစ်ခုအောက်က programs တွေ လည်း ဘာမှ ပြောင်းလဲ သွားမှာမဟုတ်ပါဘူး ။ဒါကြောင့် ဘာကြောင့်မှ စိုးရိမ်စရာ မရှိပါဘူး…ဒါဆိုရင်တော့ကလေးက ရိုက်လာမဲ့ Key Stroke ကလည်း ကျွန်တော် တို့ရဲ့ Project တစ်ခု ကို မပျက်စီးစေတော့ပါဘူး...

Keyboard တွေ Mouse တွေကို Lock ချထားပြီး အဲဒါ တွေကို ဘယ်လိုများ ပြန်ပြီး ထိန်းချူပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းလေး မေးချင်မှာပေါ့နော် ။ အရမ်းကို လွယ်ကူတဲ့ Process လေး တစ်ခု ပါပဲနော်။ ကျွန်တော် တို့ CTRL + ALT + DEL ဆိုတဲ့ Key Combination ကို တွဲနှိပ်လိုက်ပြီး Esc ကို နှိပ်လိုက်ပါ နော် …

ဒါဆိုရင်တော့ ကိုယ့်ရဲ့ လုပ်လက်စတွေ ကို တွေ ဆက်လက်လုပ်ဆောင်နိုင်ပါပြီနော်…ဒီ Utility သေးသေးလေးက Version အားလုံးမှာ သုံးလို့ ရပါတယ်…..

ချင်ရင်တော့ ဒီနေရာ လေးမှာ ယူပါ …အားလုံး အဆင်ပြေကျပါစေ…

မျိုးကိုကို
Members
Technique & Translate
8JAN2012-004
myokokyaw@nayzawlin.com
freshest5@gmail.com

17.1.2012
10:37PM (Tueday)
http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။