Home » » ၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည်

၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည်

Written By မောင်စေတနာ on Wednesday, January 18, 2012 | 1:30:00 AM



၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။ ရုပ်ရှင်လောကသားများ အနေဖြင့် ပြုလုပ်ရန် အစီအစဉ်ရှိ သည့် ဖျော်ဖြေပွဲများနှင့် ရုပ်ရှင်ရိုက်ကူးမှု အချို့အား ယင်းရက်နှင့် တိုက်ဆိုင်မှု မရှိစေရန် ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ထားသည်ဟု သိရသည်။

“ဒီနှစ် အကယ်ဒမီဆုပေးပွဲကို ဖေဖော်ဝါရီလ ပထမပတ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ပထမပတ်မှာလုပ်ဖို့ အစီအစဉ်ရှိတဲ့ ဖျော်ဖြေပွဲတချို့ကို ဖေဖော်ဝါရီလလယ်ပိုင်းကို ရွှေ့ထားလိုက် ကြပါပြီ။ ဘယ်လိုရွေးချယ်တယ်ပဲ ပြောပြော အချိန်တန်ရင်တော့ အနုပညာရှင်တိုင်းက တစ်နှစ်တစ်ခါ လုပ်တဲ့ အကယ်ဒမီပွဲကို သွားကြစမြဲပါပဲ”ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေကလည်း “အကယ်ဒမီက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပြုလုပ်မှာပါ။ တစ်နှစ်တစ်ခါလုပ်တဲ့ပွဲ ဖြစ်သလို ရုပ်ရှင်လောကသား အားလုံး စိတ်ပါဝင်စား ကြတဲ့ ပွဲတစ်ပွဲဖြစ်တာကြောင့် သပ်သပ်ရပ်ရပ် ခမ်းခမ်းနားနား လုပ်နိုင်အောင် စီစဉ်နေပါတယ်။ ဒီနှစ်အကယ်ဒမီပွဲမှာ အရင်နှစ်တွေကထက် ထူးခြားမှုအနေနဲ့ လျှောက်လမ်းသီးခြား စီစဉ်ထားတာမျိုး၊ LED နဲ့ပြသတာ မျိုးတွေ ပါဝင်ပါမယ်”ဟု အကယ်ဒမီပွဲနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

ယခုနှစ်ပေးအပ်မည့် အကယ်ဒမီပွဲသည် အစိုးရသစ်ရွေးချယ်ပြီး နောက် ပထမဆုံးအကြိမ် ပြုလုပ်မည့် အကယ်ဒမီပွဲဖြစ်ပြီး စင်မြင့်နှင့်မီး အလှဆင်လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ရာ လျှောက်ထားသူ ခြောက်ဦးရှိခဲ့သည်ဟု သိရသည်။ ရွေးချယ်ခံရသူက နေပြည်တော် မြို့တော်ခန်းမ ၀င်းအတွင်းတွင် စင်မြင့် တည်ဆောက်မှုများအား ဇန်န၀ါရီလကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားပြီး အကယ်ဒမီဗန်းကိုင်အဖြစ် ရွေးချယ် ခံရသူများကို ဇန်န၀ါရီလကုန်ပိုင်းတွင် ကြေညာသွားမည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ်အတွင်း စာရင်းဝင်သည့် ဇာတ်ကားများမှာ နတ် ဖြစ်ရတဲ့ဒုက္ခ၊ ဆွေတစ်ရာမောင် တစ်ကျိပ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဟတ်ထိတယ်၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ဂွတ်ရှယ် သမက်၊ ဘာမီတွန်၊ အချစ်လား လာထား၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ နယူးမော်ဒယ်လ်၊ အာဒမ်ရယ် ဧ၀ရယ် ဒသရယ်၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ လာထားအာဘွား၊ ပင်လယ်ထက်က နေ၀န်းနီ တို့ဖြစ်ကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။