Home » , » လူကုန်ကူးမှု Hot Line ဖုန်းတပ်ဆင်ပြီး သုံးလအတွင်း ၁၀၈ ကြိမ်တိုင်ကြား

လူကုန်ကူးမှု Hot Line ဖုန်းတပ်ဆင်ပြီး သုံးလအတွင်း ၁၀၈ ကြိမ်တိုင်ကြား

Written By မောင်စေတနာ on Tuesday, January 31, 2012 | 4:30:00 AM



လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ လူကုန်ကူးမှုဆိုင် ရာများအတွက် သတင်းပေးတိုင်ကြားရန် Hot Line ဖုန်းများကို တပ်ဆင်ပေးခဲ့ပြီး သုံးလအတွင်း၌ပင် ပြည်တွင်းပြည်ပမှ တိုင်ကြားမှု ၁၀၈ ကြိမ်ကို လက်ခံရရှိခဲ့ကြောင်းနှင့် လူကုန်ကူးခံရသူ ခြောက်ဦးအား ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးသူ ၂၂ ဦးအား ရှာဖွေနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Hot Line ဖုန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် မူဆယ်မြို့များတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်ဆင်ပြီး သုံးလအတွင်း(၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ) ပြည်တွင်းမှ ၁၀၅ ကြိမ်နှင့် ပြည်ပမှ သုံးကြိမ် သတင်းပေး တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတွက် လူကုန်ကူးမှုလေးမှုမှ လူကုန်ကူးသူတရားခံလေးဦးအား အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ခြောက်ဦးအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူပျောက်ဆုံးမှု တိုင်ကြားချက်မှာ ၃၃ ကြိမ်ရှိခဲ့ကြောင်းနှင့် ကလေးသူငယ်အပါအ၀င် ပျောက်ဆုံးသူ ၂၂ ဦးအား ပြန်လည်ရှာ ဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ပြန်လည် ကယ်တင် နိုင်ခဲ့သူနှင့် ပြန်လည်ရှာ ဖွေတွေ့ရှိခဲ့သူများကို မိဘဆွေမျိုးများထံ အသိပေး အကြောင်းကြားခြင်း၊ မိဘများနှင့်ပြန်လည်ပေါင်းစည်းပေးခြင်းများပြုလုပ် နိုင်ခဲ့ကြောင်းလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

လူကုန်ကူးမှုများအတွက် သတင်းပေးတိုင်ကြားရန် တပ်ဆင်ခဲ့သည့် Hot Line ဖုန်းများမှာ နေပြည်တော်တွင် ၀၆၇-၄၁၂၅၅၅၊ ၀၆၇-၄၁၂၆၆၆၊ ရန်ကုန်တွင် ၀၉- ၄၉၅၅၅၈၈၈၊ ၀၉-၄၉၅၅၅၉၉၉၊ မန္တလေးတွင် ၀၉-၄၉၅၅၅၇၇၇ နှင့် မူဆယ်တွင် ၀၉-၄၉၅၅၅၆၆၆ တို့ဖြစ်ကြောင်း သိရသည်။

Source by :http://first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။