Home » , , » Computer ရဲ့ Hardware Information တွေကို ကြည့်ချင်ရင်

Computer ရဲ့ Hardware Information တွေကို ကြည့်ချင်ရင်

Written By မောင်စေတနာ on Saturday, January 28, 2012 | 11:47:00 PM

ယခု အခါ မှာ ကျွန်တော်တို့တစ်တွေ မှာ ကိုယ်ပိုင် Computer တို့ Laptop တွေ ရှိလာကြခြင်းနဲ့အတူ အဲဒီ အပေါ်မှာ ကျွန်တော် တို့တွေဟာ Tool တွေ ၊ Software Application တွေကို Install တွေလုပ်လာကြပါတယ်။

ကဲ ဒီလို အခြေ အနေမှာ ကျွန်တော် တို့တွေ မှာ ကျွန်တော် တို့ရဲ့ System မှာ သုံးထားတဲ့ Operating System ,Graphics, Hardware တို့နဲ့ပတ်သက်ပီး အနိမ့်ဆုံးလိုအပ်ချက် ( Minimum Requirement ) ရဲ့ Information တစ်ချို့ကို ရှိဖို့ သိနေဖို့ လိုအပ်လာပါတယ်။ Software တစ်ခု ကို Install လုပ်စဉ်မှာ ကျွန်တော် တို့ လိုအပ်မယ့် System Information တွေကို ပေးနိုင်မယ့် CPU-Z လို့ခေါ်တဲ့ System Information Tool လေးပေးမလို့ပါ။

ဒီ Tool လေးဟာ တစ်နေရာထဲမှာ System နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ထောက်ပံ့တဲ့ နေရာမှာ အရမ်းကို အသုံးတဲ့လှပါတယ်။ဒီလိုမှ မဟုတ်ရင် သိဖို့ မဖြစ်နိုင်တဲ့ဘူး ဆိုတဲ့ အခါ တစ်ခါ တစ်လေ ကျွန်တော် တို့ Professional ကြီးတွေ ရဲ့ အကူအညီ တောင်းရတဲ့ Information ချို့တဲ့ ခြင်းကြောင့် ပြသာနာ တွေကို မဖြေရှင်းနိုင်တဲ့ အခြေ အနေမျိုးတွေ ရှိခဲ့ရင် တော့ အရမ်းကို အသုံးတဲ့မှာပါ။

ဒါ ကတော့ Software ကို Run ပြီးတဲ့ အချိန်မှာ ပထမဆုံးမြင်ရတဲ့ First Screen ပါ။ Tool လေးမှာက ကျွန်တော် တို့ရဲ့ System မှာ Install လုပ်ထားတဲ့ Hardware ပိုင်းနဲ့ ပတ်သက်တဲ့ Information တွေကို ပေးနိုင်တဲ့ 7 Tabs ရှိပါတယ်။

Software ရဲ့ Tab တွေက CPU, Caches, Mainboard , Memory , SPD, Graphics နဲ့ About တို့ပါ။ ပထမဆုံး Tab ဖြစ်တဲ့ CPU ဆိုရင် Processor , Clock Speed နဲ့ Cache တို့ရဲ့ Information တွေကို ပေးမှာပါ။ Tool လေးက ပေးတဲ့ Information တွေဟာ ကျိုးကြောင်းခိုင်လုံပါတယ်ဆိုပြီး Validate လုပ်ဖို့ ကူညီပေးနိုင်တဲ့ Validate Button လေးကတော့Tab အားလုံးမှာ ပါပါတယ် ။

Second Tab ကတော့ CPU မှာ ပြခဲ့တဲ့ Caches အကြောင်း Information တွေ ကို ပေးမှာပါ။ကျွန်တော် Computer မှာ Install လုပ်ထားတဲ့ CPU အတွက် System ကပြတဲ့ Caches တွေကတော့ L1 D-Cache, L1 I-Cache, L 2 Cache နဲ့ L3 Cache တွေပါ။ L 3 Cache မှာ ပြတဲ့ Cache တွေဟာ Superior quality Processors တွေမို့ပါတဲ့။တစ်ချို့ဆို L 3 မပြပါဘူး။ ကျွန်တော် ရဲ့ စက်မှာတော့ ပြပါတယ်။

အပေါ်က Window ကတော့ Mainboard နဲ့ပတ်သက်တဲ့ Information တွေ ပေးမှာပါ။ Mainboard ကတော့ Motherboard, BIOS နဲ့ Graphic Interface နဲ့ ပတ်သက်တာတွေပြောမှာပါ။


Memory Tab ကတော့ System မှာ Install လုပ်ထားတဲ့ RAM နဲ့ပတ်သက်တဲ့ Information တွေ ပေးမှာပါ။ သူကတော့ RAM အမျိုးအစား၊ Channel၊ Size နဲ့ DC Mode တွေနဲ့ပတ်သက်တဲ့ Information တွေကိုပေးမှာပါ။


5 ခုမြောက်ဖြစ်တဲ့ SPD Tab ကတော့ Computer ရဲ့ Serial Ports နဲ့ပတ်သက်ပီး Information ပေးမှာပါ။ Module Size, Max Bandwidth, Manufacturer, Part Number နဲ့ Serial Number တွေကို ပေးမှာပါ။



Graphics Tab ကတော့ ကျွန်တော် တို့ရဲ့ System မှာ Install လုပ်ထားတာဟာ Integrated graphics လား ၊ dedicated graphics လားဆိုတဲ့ ကွန်ပျူတာရဲ့ Graphics နဲ့ပတ်သက်တဲ့ Information တွေကို ပေးမှာပါ။ဒီ Tab ဟာ GPU( Graphic Processor Unit ) နဲ့ပတ်သက်တဲ့ Information ကို လည်းပေးပါတယ်။

နောက်ဆုံး Window ကတော့ Window Version နဲ့ ဆိုင်တဲ့ Information ပေးမှာပါ။

လိုချင်ရင်တော့ ဒီနေရာ လေးမှာ ယူပါ။

အားလုံးအဆင်ပြေကြပါစေ…

မျိုးကိုကို
freshest5@gmail.com

Technique & Translate

8JAN2012-004

www.nayzawlin.com
myokokyaw@nayzawlin.com

http://myokokyaw.blogspot.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။