Home » , » အဖေ နဲ့ သား (လူတိုင်း ဖတ်သင့်သည်။)

အဖေ နဲ့ သား (လူတိုင်း ဖတ်သင့်သည်။)

Written By မောင်စေတနာ on Friday, January 27, 2012 | 5:15:00 PM



အဖေတစ်ယောက်ဟာ သူ့ရဲ့တစ်နေကုန်လုပ်ရတဲ့ အလုပ်ကနေ ပင်ပန်းစွာနဲ့ နောက်ကျမှ အိမ်ကိုပြန်လာခဲ့တယ်။ သူ့ရဲ့ ၅ နှစ်အရွယ်သားလေးက အဖေ့ရဲ့ အိမ်အပြန်ကို တံခါးပေါက်ကနေ စောင့်နေတယ်။

သား - “ အဖေ... သားတစ်ခုလောက်မေးလို့ရမလား...”

အဖေ - “ ရတာပေါ့ .. သားရယ်.. ”

သား - “ အဖေ .. တစ်နာရီ အလုပ်လုပ်တာ ဘယ်လောက်ရလဲ ”

အဖေ - “ ဒါ.. သား အလုပ်မဟုတ်ပါဘူးကွာ...... ”

သား - “ ကျေးဇူးပြုပြီးတော့ .. သားကိုပြောပြပါ... အဖေ”

အဖေ - “ အဖေ တစ်နာရီ အလုပ်လုပ်တာ ဒေါ်လာ 20 ရတယ် သားရဲ့...”

သား - “ ဒါဆို .. အဖေ ..သားကို ဒေါ်လာ 10 ချေးပေး ”

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ အဖေဟာ စိတ်ဆိုးဆိုးနဲ့ သူ့ရဲ့သားကို အော်ပြီး အိပ်ယာဝင်ဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူ့ရဲ့သားဟာ မျက်နှာလေးညှိုးနွမ်းစွာနဲ့ သူ့ရဲ့ အခန်းလေးထဲဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါမှာ စိတ်အနည်းငယ်ပြေသွားတဲ့ အဖေဟာ သားရဲ့ အခန်းထဲကို ဝင်လာပြီး ..

အဖေ - “ အဖေ ကြမ်းတမ်းစွာဆက်ဆံမိတဲ့အတွက် .. ဝမ်းနည်းပါတယ်သားရယ်.... ရော့ .. ဒီမှာ သားအတွက် ဒေါ်လာ 10 .. ဒါနဲ့... ဒီပိုက်ဆံနဲ့ သား ဘာလုပ်မှာလဲ .”

သူ့ရဲ့ သားလေးဟာ ပျော်ရွှင်စွာနဲ့ သူ့အဖေကို ကျေးဇူးအများကြီးတင်ကြောင်း ပြောလိုက်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ သူ့ခေါင်းအုံးအောက်မှာ ဝှက်သိမ်းထားတဲ့ အကြွေစေ့ လေးတွေကို ထုတ် ရေတွက်လိုက်ပြီးတော့ သူ့အဖေကိုပြောတယ်...

သား - “ အဖေ . အခု သားဆီမှာ ဒေါ်လာ 20 ရှိသွားပြီ.. အဲ့ဒီပိုက်ဆံနဲ့ သား အဖေ့ရဲ့ အချိန်တစ်နာရီဝယ်မယ် ... မနက်ဖြန် အိမ်ကို စောစောပြန်ခဲ့ပါ .. အဖေနဲ့အတူတူ သား ညစာစားချင်တယ်...”

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ .. အဖေဟာ မျက်ရည်ကျပြီးတော့ သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်...။

Source by :https://www.facebook.com/photo.php?fbid=196409983790057&set=a.190166047747784.37833.190143931083329&type=1&theater
Share this article :

2 comments:

ရဲသီဟကျော် said...

ကိုလေးရေ မိဘနဲ့ သားသမီးတွေရဲ့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျေကွဲဖွယ်ရာလေးတွေပါ ညီ တစ်ကယ်ကို ခံစားမိပါတယ် စာလေးက တိုပေမဲ့ နှလုံသားရဲ့အတွင်းပိုင်းထိ ထိတယ်ဗျာ
သားသမီးတိုင်မိဘများနှင့် ပျော်ရွှင်စွာ နေနိုင်ပါစေလို့ မိဘများနှင့်ဝေကွာစွာ နေရတဲ့ ညီလေး
ရဲသီဟကျော် မှာ ဆုတောင်းပေးလိုက်ပါတယ်......

aaa said...

ဒီ postရဲ့ အဓိက point ကသားသမီးကိုအချိန်ပေးဂရုစိုက်ဖို့ လား?

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။