Home » , » ထိုင်းတောင်ပိုင်း ရေဘေးသင့် ဒုက္ခသည်များအတွက် ပစ္စည်းများလှူဒါန်း

ထိုင်းတောင်ပိုင်း ရေဘေးသင့် ဒုက္ခသည်များအတွက် ပစ္စည်းများလှူဒါန်း

Written By မောင်စေတနာ on Friday, January 27, 2012 | 9:30:00 AM



ဇန်န၀ါရီလ (၁၇/၁၈/၁၉) ရက်နေ့များတွင် ဘန်ကောက် အခြေစိုက် IOM အဖွဲ့နှင့် ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)အဖွဲ့တို့သည် ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီ ထမ်မရတ်မြို့နှင့် ပတ်ဝန်းကျင် မြို့နယ်များ ဖြစ်သည့် စီချွန်၊ ခမ်နမ်၊ ပပ်ဖါနမ်နှင့် ဘန်ဘူရှိ ရေဘေးဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များအတွက် လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့သည်။

“ရေကြီးတုန်းကပေါ့ ထိုင်းကယ်ဆယ်ရေးတွေက ပစ္စည်းတွေ ဝေပေးတယ်။ ဒါပေမယ့် မြန်မာလူထုတွေ မရဘူး။ အကြောင်းကတော့ သူတို့တွေက သူတို့လူမျိုးတွေကို ဦးစားပေးတာရယ် နောက်ပြီး မြန်မာတွေ သွားတောင်းရင် ဘတ်ရှိလား၊ ဘာလား၊ ဟိုမေး ဒီမေး မေးပြီးမှ မပေးချင် ပေးချင်နဲ့ပေးတယ်။ အဲဒီတော့ ကျမတို့လည်း သွားမတောင်းရဲ တော့ဘူး”ဟု ရေဘေးသင့် ခံရသည့် ကလေးမိခင် တစ်ဦးဖြစ်သူ မသီတာက ပြောပြပါသည်။

အဆိုပါ ရေဘေး ဒုက္ခသည်များအတွက် ထောက်ပံ့ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ရာတွင် ပါဝင်ခဲ့သော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အလုပ်သမား ဖွံ့ဖြိုးရေး တာဝန်ခံ ကိုမိုးဝေက “ကျနော်တို့ မြန်မာရေဘေး ဒုက္ခသည်တွေဟာ အထောက်အပံ့ တိတိကျကျ မရခဲ့ကြဘူး။ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဖြေရှင်း နေရသူ အများစု ဖြစ်တယ်။ အခုလို နခွန်စီ ထမ်မရတ်မှာ အိုင်အိုအမ်(IOM)က မြန်မာလူထုအတွက် သီးသန့် အစီအစဉ်နဲ့ လာတယ်၊ ဒါပေမယ့် သူတို့က မြန်မာလူထုတွေ နေရာကို မသိဘူးလေ၊ သူတို့က အကူအညီ တောင်းလာလို့ ကျွန်တော်တို့က အခုလို လာရောက် ပါဝင်ကူညီခဲ့တာပါ။

နယ်မြေတွေက တစ်နေရာနဲ့ တစ်နေရာ တော်တော်ဝေးတယ်ဗျ။ တချို့နေရာတွေက တော်တော် ဆိုးဆိုးဝါးဝါး ခံခဲ့ရတာ။ ကျွန်တော်တို့ ကယ်ဆယ်ရေး ပစ္စည်းထုပ် (၄၀၀၀)လောက်ကိုတော့ ဝေမျှနိုင်ခဲ့ပါတယ်”ဟု ပြောပြခဲ့သည်။



ရေဘေး ထောက်ပံ့ပစ္စည်းများကို ဘန်ကောက် IOM အဖွဲ့က ဆယ်ဘီးကား (၃)စီးဖြင့် လာရောက် လှူဒါန်း ခဲ့ခြင်းဖြစ်ပြီး ပစ္စည်းထုပ်များထဲတွင် အင်္ကျီ၊ ခေါင်းဘီး၊ သွားပွတ်တံနှင့် သွားတိုက်ဆေး၊ ဓါတ်မီး၊ ဓါတ်ခဲ၊ ဆပ်ပြာ၊ တစ်ရှူးစက္ကူနှင့် အမျိုးသမီးသုံး ကျန်းမာရေး ပစ္စည်းများ ပါဝင်သည်။ သွားရောက် လှူဒါန်းခဲ့သည့် အဖွဲ့တွင် IOM၊ FEDနှင့် နယ်မြေခံ စေတနာ့ဝန်ထမ်း အားလုံးပေါင်း (၁၅)ဦး ပါဝင်ကြောင်း သိရပါသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။