Home » , » နော်ဝေကုမ္ပဏီများကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားမှုအား ပြန်လည်ရုပ်သိမ်း

နော်ဝေကုမ္ပဏီများကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားမှုအား ပြန်လည်ရုပ်သိမ်း

Written By မောင်စေတနာ on Tuesday, January 17, 2012 | 5:30:00 AM



မြန်မာနိုင်ငံတွင် ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး နောက်တစ်နေ့တွင် နော်ဝေ ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း နော်ဝေ အစိုးရ တာဝန်ရှိသူများက ဇန်န၀ါရီလ ၁၄ ရက်တွင် အတည်ပြုခဲ့သည်။

နော်ဝေ ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store က ပြောကြားခဲ့သည်။

မြန်မာ အစိုးရက ဇန်န၀ါရီလ ၁၃ ရက်တွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမှုအပါအ၀င် မကြာသေးမီကလုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုအချို့ကြောင့် အဆိုပါကန့်သတ်ချက်ကို ရုပ်သိမ်း ခြင်းဖြစ်ကြောင်း နော်ဝေအစိုးရ တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။

သို့သော် စိန်နှင့်သစ်ကုန်သွယ်မှု ပိတ်ပင်ထားမှုအပါအ၀င် ဥရောပသမဂ္ဂ၏ လတ်တလောချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများမှာမူ ဆက်လက်ရှိနေဦး မည်ဖြစ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store က NRK သတင်းဌာနသို့ ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုအချို့ကြောင့် နော်ဝေကုမ္ပဏီများအနေဖြင့် ဥရောပသမဂ္ဂ၏ မူဘောင်ထဲမှနေ၍ မြန်မာတွင် စီးပွားရေး လုပ်ကိုင်မည်ဆိုပါက သင့်တော်သော ရွေးချယ်မှုဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခြင်းသည် မြန်မာအရပ်ဘက်အစိုးရအပေါ် မိမိတို့က ယုံကြည်မှုရှိလာစေရန်အတွက် အရေးကြီးကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နော်ဝေနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ မကြာမီလာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။