Home » » Iron Cross တီးဝိုင်း၏ နှစ်သစ်ကူးည ဖျော်ဖြေပွဲ မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

Iron Cross တီးဝိုင်း၏ နှစ်သစ်ကူးည ဖျော်ဖြေပွဲ မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

Written By မောင်စေတနာ on Wednesday, December 21, 2011 | 1:30:00 AM



Iron Cross တီးဝိုင်း၏ နယူးရီးယားည ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ပြုလုပ်သွားမည် ဖြစ်ပြီး Planet Grand Royal Rocks On To 2012 အမည်ဖြင့် ပြုလုပ်သွားမည်ဟု သိရှိရသည်။ ယင်းဖျော်ဖြေပွဲတွင် Iron Cross တီးဝိုင်းနှင့်အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ Rဇာနည်၊ ၀ိုင်းစုခိုင်သိန်း၊ ခင်ဘုဏ်း၊ ဂျင်းနီတို့ ပါဝင်သီဆိုသွားမည်ဟု သိရှိရသည်။

“ဒီနှစ်နယူးရီးယားပွဲကို အရင်နှစ်တွေနဲ့မတူ ပိုမိုထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ဖြတ်သန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းတော့မယ့် အချိန်မှာ ဒီပွဲကို ရောက်နေတဲ့ ပရိသတ်တွေအနေနဲ့ နယူးရီးယားညရဲ့အရသာကို အပြည့်အ၀ခံစားရပြီး စိတ်ကျေနပ်မှုရရှိစေ မှာဖြစ်ပါတယ်”ဟု ပွဲစီစဉ်တင်ဆက်သူ Stars & Models Int'l မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နယူးရီးယားည ဖျော်ဖြေပွဲကို ညနေ ၆ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံခြားမှ အကပညာရှင်များနှင့် မီးမှုတ်သမား၊ မျက်လှည့်၊ ကုလားမခြေထောက်တို့နှင့် ဖျော်ဖြေမှု များအပြင် အခြားအစီအစဉ်များ ပါဝင်မည်ဟု သိရပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။