Home » , » ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၆၀ဝ ကျော်လာ

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၆၀ဝ ကျော်လာ

Written By မောင်စေတနာ on Wednesday, December 21, 2011 | 5:30:00 AM



ကာဂါယန်ဒီအော်ရိုမြို့ရှိ လမ်းတစ်လမ်းကို မုန်တိုင်းတိုက်ပြီးနောက် တွေ့ရစဉ်

ဖိလစ်ပိုင်သို့ အပူပိုင်းမုန်တိုင်း ၀ါရှီ တိုက်ခတ်မှုကြောင့် ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ သေဆုံးသူဦးရေမှာ ၆၅၀ ကျော်သွားပြီဖြစ်ကြောင်း ဖိလစ် ပိုင်ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

သေဆုံးသူအများစုကို အီလီဂန်နှင့် ကာဂါယန်ဒီ အော်ရိုမြို့ကြီးများတွင် တွေ့ရကြောင်း အမျိုးသားကပ်ဘေးအန္တရာယ် လျော့ချရေးနှင့် စီမံခန့် ခွဲရေးကောင်စီနှင့် စစ်ဘက်အရာရှိများက ပြောကြားခဲ့သည်။ လူငါးဦးမှာ မြေပြိုခြင်းကြောင့် သေဆုံးခြင်းဖြစ်သော်လည်း အခြားသူအားလုံးမှာ ရုတ်တရက် ရေကြီးခြင်းကြောင့် သေဆုံးခြင်းဖြစ်သည်။ ကွန်ပိုစတယ် လာဗယ်လီနှင့် ဇမ်ဘိုအန်ဂါဒဲလ် နော့ထ်ပြည်နယ်များလည်း ဆိုးဝါးစွာထိခိုက်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းတိုက်ခိုက်ပြီးနောက် လူ ၄၀၀ ခန့်မှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး လူ ၂၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း စစ်ဘက်က ပြောကြားခဲ့သည်။

မုန်တိုင်းဒဏ်ခံမိသားစု ၁၀၀၀၀ အတွက် အစားအစာများကို အာဏာပိုင်များ စတင်ဖြန့်ဖြူးပေးနေပြီး တစ်ချိန် တည်းမှာပင် ခြုံစောင်များနှင့် ခြင် ထောင်များကိုလည်း ပေးဝေနေကြောင်း ကြက်ခြေနီအဖွဲ့က ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။ ခန့်မှန်းခြေ လူတစ်သိန်းခန့်မှာ အိမ်ရာပစ်၍ ထွက်ပြေးခဲ့ရကြောင်း လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးဌာနက ကြေညာခဲ့သည်။ အနည်းဆုံးလူ ၂၀၀၀၀ ခန့်မှာ ကာဂါယန်ဒီအော်ရိုရှိ ကယ်ဆယ်ရေးစခန်း ၁၀ ခုတွင် နေထိုင်လျက်ရှိသည်။

Ref:CNN

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။