Home » , » Chord တစ်ခုတွင်ပါဝင်သော အသံများအကြောင်း

Chord တစ်ခုတွင်ပါဝင်သော အသံများအကြောင်း

Written By မောင်စေတနာ on Monday, December 12, 2011 | 4:30:00 AM



Chord ဆိုတာ ဂီတသံ သုံးသံ သို့မဟုတ် သူ့ထက်ပိုတဲ့အသံ စသည်တို့နဲ့ ဖွဲ့စည်းထားတာပါ။ ဂီတသံနှစ်သံလောက်သာ ပါဝင်ဖွဲ့စည်းထားခြင်းကတော့ Chord မဟုတ်ပါဘူး။ သူ့ကို Interval လို့သာ သတ်မှတ်နိုင်ပါတယ်။ ဥပမာ C ဆိုတဲ့ ဒို နုတ်ရယ် E ဆိုတဲ့ မီ နုတ်ရယ် နှစ်လုံးကို တစ်ပြိုင်နက်တည်း တီးခတ်
လိုက်ခြင်းက Interval လို့ ခေါ်ပါတယ်။

C ဆိုတဲ့ ဒို နုတ်ရယ် E ဆိုတဲ့ မီနုတ်ရယ် G ဆိုတဲ့ စို နုတ်ရယ် ပေါင်း စည်းပြီး အသံသုံးသံပါဝင်မှသာလျင် C chord ဆိုတာ ဖြစ်လာတာပါ။ တကယ်လို့ ၎င်း Major Chord C ကို နောက်ထပ် လေးသံမြောက်အသံ B ဆိုတဲ့ တီ အသံကို ထည့်ပေါင်းလိုက်ခြင်းအားဖြင့် အသံလေးသံပါဝင်သော C Major 7 အသံကို ရရှိနိုင်ပါတယ်။ အဲဒီတော့ အလွယ်ဆုံး ပြောရရင် နှစ်သံပါဝင်တယ်ဆိုလျင် Interval နှစ်သံထက် ပိုမိုပါဝင်မယ်ဆိုလျင် ၎င်းကို chord လို့ ဆိုနိုင်ပါတယ်။ ဒ

ါပေမယ့် တစ်ခါတစ်ရံမှာ (Metal ဂီတတွေမှာ) ဆိုရင် G ဆိုတဲ့ စို နုတ်ရယ် C ဆိုတဲ့ ဒို နုတ်ရယ် နှစ်မျိုးတည်းသာ တီးခတ်ထားတာ တွေ့ရ တတ်ပါတယ်။ ၎င်းကိုတော့ နုတ်ရေးရာမှာ တတိယသံ E ဆိုတဲ့ မီ နုတ် မပါဝင်တဲ့အတွက် (No third note) Cs ဆိုပြီး ရေးသားထားကြပါတယ်။

အလွယ်ဆုံး ပြောရလျင် Cs ကို Vamp Chord တစ်ခုအနေနဲ့ သတ်မှတ်ထား ကြတာပါ။ ထို့အပြင် D5၊ E5၊ A5 စသည်ဖြင့်လဲ ခေါ်ကြပါတယ်။ ဒါကတော့ ချွင်းချက်ပေါ့။ ဂီတရဲ့ အစောပိုင်းကာလခေတ် (Middle Ages) ၁၄၅၀ ၀န်းကျင်လောက်မှာ Chord ဆိုတာဟာ မရှိသေးပဲ Interval တွေ တီးခတ်တဲ့ ဂီတတွေသာ ရှိခဲ့ပါတယ်။ ထို့နောက် ၎င်း Interval တွေကို တီထွင် တီးခတ်လာ ရာမှာ သုံးသံအထိ ပါဝင်လာသော Chord တွေ ဖြစ်ပေါ်လာခြင်းရဲ့ အစ Chord တွေဆီကို ရောက်လာခဲ့တာပါ။

Triodic harmony တွေ ခေတ်စားလာခဲ့တဲ့ အချိန်လောက်ကပေါ့။ ထို့နောက် Major၊ Minor၊ Chord တွေ ပေါ် ပေါက်လာခဲ့တာပေါ့။ ၎င်း chord တွေရဲ့ အသံဟာ နားထောင်ရာမှာ ချောမွေ့မှုရှိတဲ့အတွက် Consonat Chord လို့လဲ ပြောကြပါတယ်။ ထို့နောက် အခြားသော အသံဆန်းများကို ထွက်ပေါ်စေသော chord (ဥပမာ augmented၊ diminished၊ chord တွေဟာ ၁၆ ရာစုနှစ်ဝန်းကျင်မှာ ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ ၎င်းအပြင် Independent harmonies လို့ ခေါ်တဲ့ seven chord တွေလည်း ပေါ်ထွက်လာပါတယ်။

Romantic period နောက်ပိုင်းကာလတွေမှာတော့ chord တွေကို ပေါင်းစပ်တီးခတ်မှု (chord တစ်ခု ရဲ့အသံအပြင် အခြားအသံများနဲ့ ပူးပေါင်းတီးခတ်မှု) တွေကိုပါ စတင်တွေ့ရှိလာခဲ့ပါတယ်။ ဥပမာ (E, A, D) ဆိုပြီး ဖွဲ့စည်းထားတဲ့ chord တစ်ခုကို အခြား (Bb, F#, C) ဆိုတဲ့ အသံတွေနဲ့ ပေါင်းစပ်ပြီး တစ်ပြိုင်နက် တီးခတ်လိုက်တာပါ။ C Notes ဟာ E ရဲ့ Harmonic သံ ဖြစ်ပြီး F#=A, D=Bb စတဲ့ harmonies သံတွေကိုပါ
တစ်ပြိုင်တည်းထည့်ပြီး တီးခတ်လိုက်တာပါ။

Scriabin လို့ခေါ်တဲ့ ဂီတပညာရှင်ဟာ ၎င်းရဲ့ Symphonic poem "Prometheus"အပြင် ၎င်းရဲ့ အခြား Music တွေမှာပါ ဒီလိုတီးခတ်မှုတွေနဲ့ ရေးဖွဲ့ထားခဲ့ပါတယ်။ ဒီလိုနဲ့ ဂီတပညာရှင်ကြီးများမှာ တဆင့်ထက်တဆင့် ပိုမိုနက်ရှိုင်းစွာ ဖွဲ့သီမှုတွေကြောင့် အခြားသော chord အမြောက်အများ ဖြစ်ပေါ်လာခဲ့ပါတယ်။ Debussy ဟာ Equal interval တွေနဲ့ သီချင်းတွေကို ဖွဲ့ဆိုထားခဲ့ပြီး ၎င်းမှတဆင့် Augmented Traids နှင့် Diminished Seventh Chord တွေ ဖြစ်လာခဲ့ပါတယ်။

ဒါဟာ chord တွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာပုံတွေကို အကြမ်းဖျင်းအားဖြင့် တင်ပြခဲ့တာ ဖြစ်ပါတယ်။ အချို့သော အခေါ် အဝေါ်များက English လိုသာရှိပြီး မြန်မာလို ဘာသာပြန်လို့ မရတဲ့အတွက် မူရင်းအတိုင်းသာ ရေးသားထားခဲ့  တာပါ။ Chord တွေကို လေ့လာတဲ့အခါမှာ Interval ဟာလည်း အဓိက အခန်းကဏ္ဍက ပါဝင်တာကြောင့် Interval အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာထားသင့်ပါတယ်။ အချို့အကြောင်းအရာတွေက စာဖတ်သူအနေနဲ့ နားလည်ဖို့ခက်နေပါလိမ့်မယ်။ ဒါပေမယ့် တဖြေးဖြေး လေ့လာရင်းနဲ့ နားလည်သွားမှာပါ။

Chord တွေဟာ အထက်ပါ တင်ပြခဲ့သလိုပဲ မြောက်များစွာ ရှိကြပါတယ်။ chord တိုင်းကို အကုန်သိဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ အဓိက chord တွေနဲ့ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံတွေအကြောင်းကိုတော့ သိရှိနားလည် ထားဖို့ လိုပါတယ်။ အဓိကကျတဲ့ Chord တွေကတော့ Major chord၊ Minor chord၊ Diminished၊ Angmented၊ Perfect စတာတွေကိုတော့ နားလည်ထားရပါမယ်။

(1) Major Chord

Major Chord မှာ အသံသုံးသံ ပါဝင်ပါတယ်။ Notes အရဆိုလျင် C,E,G ဆိုတဲ့ (Do, Me, So) အသံသုံးသံနဲ့ ဖွဲ့စည်းထားတာပါ။ ဒါဟာ C chord ရဲ့ ဖွဲ့စည်းထားပုံပါ။

C D E F G A B

Do Ra Me Fa So Lar Ti

C E G

ဒါဟာ Major Chord ဖွဲ့စည်းထားပုံပါ။ အသံခုနှစ်သံရှိတဲ့အနက်က C၊ E၊ G ဆိုတဲ့ အသံသုံးသံကို အတူတကွ ပေါင်းစပ်ပြီး ဖွဲ့စည်းထားတာပါ။ ဒါဆိုလျင်တော့ Major Chord ရဲ့ ဖွဲ့စည်းပုံကို နားလည်သဘောပေါက်မယ် ထင်ပါတယ်။ ထိုမှတဆင့် Dmaj chord ရဲ့ ဖွဲ့စည်းပုံကို ဆက်လက် လေ့လာကြည့်ပါ။

D E F# G A# B C

# sign လေးဟာ sharp သင်္ကေတပါ။ ၎င်း Notes တစ်လုံးကို အသံဝက် ထပ်မံမြင့်လိုက်ခြင်းလို့ ယေဘူယျ နားလည်ထားရပါမယ်။ ဒါဆို Dmaj ရဲ့ (Do, Me, So) အသံသုံးခုပါဝင်တဲ့ Dmaj chord ကို ရရှိသွားပါပြီ အခြား
Major chord တွေကတော့

C Major - C E G

D Major - D F# A#

E Major - E G# B

F Major - F A C

G Major - G B D

A Major - A C# E

B Major - B D# F#

အထက်ပါ ပုံစံကို ကြည့်ခြင်းအားဖြင့် Major Chord တစ်ခုမှာ ပါဝင်တဲ့အသံတွေနဲ့ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံတွေ ကို သိရှိနားလည်လိမ့်မယ်လို့ ထင်ပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။