Home » , » Branded Workstation များ အကြောင်း

Branded Workstation များ အကြောင်း

Written By မောင်စေတနာ on Monday, December 5, 2011 | 11:30:00 AM



Computer လောကမှာ Workstation တွေကို Branded Workstation တွေနဲ့ Clone Workstation တွေဆိုပြီးအသုံးပြုကြပါတယ်။ Workstation ဆိုလို့ရူပ်မသွားနဲ့အုံးဗျ။ Workstation ဆိုတာကလည်း Computer ပါပဲ။ server မဟုတ်တဲ့PC တွေကိုပြောတာပါ။

ကဲ......Computer တစ်လုံးဝယ်တော့မယ်ဆိုရင် branded PC ၀ယ်မှာလား၊ Clone PC ကိုဝယ်မှာလား ဆိုတာကို စဉ်စားရတော့မယ်။ အဲဒီိလိုစဉ်စားတဲ့အခါမှာ သူတို့အကြောင်းတွေကို သိနေဖို့တော့ လိုတာပေါ့နော်။ မဟုတ်ဘူးလား။ စိတ်မပူပါနဲ့ ရှင်းပြမှာပါ။ ကဲ.........စပြီနော်။

Clone PCကိုတစ်နည်းအားဖြင့် Assembled PC လို့လည်းခေါ်ကြပါတယ်။ ဘယ်လို Assembled လုပ်ထားသလဲဆိုရင် ကိုယ်လိုချင်တဲ့လိုအပ်တဲ့ Hardware အစိတ်အပိုင်းတွေကို မိမိစိတ်ကြိုက်ရွေးပြီး Computer တစ်လုံးတပ်ဆင်ထားတာ ပါဘဲ။ အဲဒါကို Clone PC ( or ) Assembled PC လို့ခေါ်တာဗျ။ ဒါပေမဲ့ အမျိုးအစားတွေကတော့ဘယ်တူမလဲဗျာ။

အဲဒီလိုအမျိုးအစား မတူတဲ့အတွက် အစိတ်အပိုင်းတစ်ခုခု ပျက်စီးသွားပြီဆိုရင်တော့ complain တတ်ဖို့ကျတော့ခက်ခဲသွားပြီပေါ့။ Clone PC ရဲ့ အားနည်းချက်တွေက Computer အစိတ်အပိုင်းတွေကို မိမိဘာသာတပ်ဆင်အသုံးပြုရခြင်း ၊ စစ်မှန်တဲ့ (genuine) operating system မဟုတ်ခြင်း ၊ ကုမ္ပဏီတစ်ခုထဲက အမျိုးအစားတူတွေကို စုစည်းထားခြင်းမဟုတ်ပဲ စတာတွေပါပဲ။

Branded Workstation ဆိုတာက company တစ်ခုတည်းကနေ အမျိုးအစားတူတွေကို တပ်ဆင်ပြီးသား Computer တွေကိုပြောတာပါ ။ အရမ်းအကောင်းကြိုက်တဲ့သူတွေ၊ brand ဆို brand မှဆိုတဲ့သူတွေကတော့ branded workstation တွေကိုအသုံး ပြုကြတာပါ။

branded Pc ကို သုံးမယ်ဆိုရင်တော့ company တစ်ခုထဲကအမျိုးအစားတူတဲ့ ပစ္စည်းတွေကိုပဲသုံးထားတဲ့အ တွက် ကွန်ပျူတာပစ္စည်းတစ်ခုနဲ့တစ်ခုက compatible အရမ်းဖြစ်တာပေါ့။ တစ်နည်းအားဖြင့်ပြောရရင် Clone Computer လောက်တော့မပျက်စီးလွယ်ဘူးပေါ့။

ဒီ Computer ကြီးတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်လည်း ၎င်း Company ကိုပဲ Complain တတ်လို့ရတာပေါ့။ branded Pc တွေဟာ restore CD တွေနဲ့လာတဲ့အတွက် Operating system တစ်ခုခု ဖြစ်ခဲ့မယ်ဆို လို့ရှိရင်လည်း ၄င်း restore CD နဲ့ပြန်ပြီးတော့ Restore လုပ်နိုင်တယ်။ Company ကနေအပြီးအစီးတပ်ဆင်ထားတာဆို တော့ Installation Procedure တွေအရမ်းကောင်းတာပေါ့။နောက်ပြီး OS တွေကလည်း Genuine OS (စစ်မှန်တဲ့OS)တွေပေါ့ ။

Branded Workstation ရဲ့အားနည်းချက်တွေက Clone Computer တွေထက် ဈေးကြီးတယ်။ အများအားဖြင့်တော့ Clone Pc ထပ်တော့ 20% ကနေ30% အထိတော့ ဈေးပိုများတယ်။ upgrade လုပ်ရတာခတ်ခဲတယ်။ configuration ကို customize လုပ်ဖို့မဖြစ်နိုင်တော့ဘူး။ ဆိုလိုတာကဗျာ Branded PC တစ်လုံးမှာ မိမိက CPU ကိုထပ်တိုးချင်ရင် (သူ့ထက်ကောင်းတဲ့ CPU နဲ့လဲချင်ရင်) နောက်အမျိုးအစားထပ်ထည့်ဖို့ အဆင်မပြေဘူး။

CPU မှမဟုတ်ပါဘူး အခြားအစိတ်အပိုင်းတွေလည်းအတူတူပါပဲ။ ဒီနေ့ PCS လောကမှာ အသုံးများနေတဲ့ Branded Workstation တွေက တော့ IBM,DELL,HP နဲ့ Acer တွေပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ Dell computer တွေကိုတော်တော်များများအသုံးပြုကြတာတွေ့ရပါတယ်။ Dell မှာဆိုရင် Desktop Dell Computer တွေ Dell laptop တွေကိုအမျိုးမျိုးရွေးချယ်ဝယ်ယူလို့ရပါတယ်။ ဈေးနူန်းကတော့ performance အလိုက်ကွာသွားမှာပဲလေ။ DELLရဲ့ version တွေကတော့ အများကြီးရှိပါတယ်။

ကဲအခုလောက်ဆိုရင် Branded Workstation ဆိုတာကို နားလည်လောက်ပြီလို့ထင်ပါတယ်။ ဒါကြောင့် ဒီမှာပဲ နားလိုက်တော့မယ်နော်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။