Home » » မြန်မာတဦး မြင်းဆေးနဲ့အဖမ်းခံရဟု ထိုင်းသတင်းတွင် ရေးသား

မြန်မာတဦး မြင်းဆေးနဲ့အဖမ်းခံရဟု ထိုင်းသတင်းတွင် ရေးသား

Written By မောင်စေတနာ on Friday, December 16, 2011 | 9:56:00 AM



ရာဘ ( ခေါ် ) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၄၅၀ သယ်ဆောင်လာတယ်လို့ စွပ်စွဲခံထားရတဲ့ ကိုမောင်လတ်ရဲ့ အလုပ်သမားကတ် မြန်မာနိုင်ငံသား တဦးဆီက စိတ်ကြွဆေးပြား ၄၅၀ ကို ထိုင်းနိုင်ငံ တောင်ပိုင်းဘက်ကို သွားမယ့် ကားပေါ်မှာ အင်္ဂါနေ့က ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်း အာဏာပိုင်များက ပြောပါတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားက စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံ တောင်ပိုင်း မြို့နယ် ၃ မြို့မှာ ရှိတဲ့ လူငယ်တွေကို သွား ရောက်မယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

စိတ်ကြွဆေးပြားတွေကို အပြာရောင် အိတ် ၂ လုံးထဲမှာ တွေ့ရတာ ဖြစ်ပြီး ဖုန်းတလုံး၊ ATM ကတ် တခု၊ ထိုင်းဘတ် ၂၂၃၀ တို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

မြင်းဆေး ခေါ် ရာဘ စိတ်ကြွဆေးတွေနဲ့ အဖမ်းခံရတယ် ဆိုတဲ့ ကိုမောင်လတ်က အသက် ၂၇ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ထိုင်းအာဏာပိုင်တွေက လော လောဆယ် သူ့ကို မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှုနဲ့ ထိန်းသိမ်းထားပြီးတော့ ကွင်းဆက် တရားခံများကို ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။



ကိုးကားသတင်းနှင့်ဓာတ်ပုံများ - မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာ http://manager.co.th/Local/ViewNews.aspx?NewsID=9540000158406
သန်းထိုက်ဦး ရေးသားသည်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။