Home » , » လက်ချောင်း ၂၄ ချောင်းနဲ့ ခေါင်းလျှော်ပေးတဲ့ စက်ရုပ်

လက်ချောင်း ၂၄ ချောင်းနဲ့ ခေါင်းလျှော်ပေးတဲ့ စက်ရုပ်

Written By မောင်စေတနာ on Tuesday, December 27, 2011 | 10:00:00 PM



ယခုလ အစောပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နည်းပညာပြပွဲတစ်ခုတွင် ခေါင်လျှော် ပေးနိုင်သည့် စက်ရုပ်တစ်ခု ပွဲ့ထုတ် ပြသခဲ့ ကြောင်း သိရှိရသည်။ ၎င်းစက်ရုပ်ကို Panasonic ကုမ္ပဏီမှ နည်းပညာသစ်များ ထုတ်ဖော်သည့် အနေနှင့် တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စက်ရုပ်တွင် လက်ချောင်းပေါင်း (၂၄) ချောင်း ပါဝင်ပြီး အဆင့်မြင့် စက်ရုပ်တစ်ခု ဖြစ်သည်။

“လက်ချောင်းပေါင်း (၂၄) ချောင်းပါဝင် တဲ့ စက်ရုပ်ဟာ သက်ကြီး ရွယ်အိုတွေနဲ့ မသန်စွမ်း သူတွေအတွက် ခေါင်းလျှော်ပေးတဲ့ နေရာမှာ အသုံးဝင်ဖို့အတွက် ဖြစ်ပါတယ်" ဟု စက်ရုပ်များ တီထွင်ထုတ်ပေးသူ တိုယူနာကာမူရာ ဆိုသူက ပြောကြားခဲ့သည်။

အဆိုပါ စက်ရုပ်သည် ခေါင်းလျှော် သည့်နေရာတွင် ခေါင်းလျှော်ပေးခြင်း၊ ရေဆေး ခြင်း၊ နှိပ်နယ်ပေးခြင်းတို့ကို (၃) မိနစ်ခန့် ပြုလုပ် ပေးပြီး ဆံပင်ပျော့ဆေး သုံးစွဲခြင်းနဲ့ ဆံပင် အခြောက်ခံပေးဖို့အတွက် (၅) မိနစ်ခန့် ပြုလုပ် ပေးကြောင်း ခေါင်းလျှော်ခံသူတစ်ဦးက ပြောပြ ခဲ့သည်။

ယင်းစက်ရုပ်မှာ စမ်းသပ်ဆဲကာလတွင် သာရှိနေပြီး ယခုလောလောဆယ် ၀ယ်ယူ၍ မရနိုင်သေးကြောင်း သိရှိရသည်။ ဈေးနှုန်းကို လည်း မသတ်မှတ်ရသေးကြောင်း နောက်လာ မည့်နှစ် အနည်းငယ်အတွင်းမှာ ဆေးရုံနှင့် ဆေး ခန်းများကို စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အို အရေ အတွက်မှာ တဖြည်းဖြည်း မြင့်တက်လာသည့်အ တွက် နည်းပညာ ကုမ္ပဏီများ အနေနှင့် သက်ကြီး ရွယ်အိုများကို ပြုစုနိုင်ရေး အတွက် စက်ရုပ်များကို ထုတ်လုပ် နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံများ တွင်လည်း သက်ကြီးရွယ်အိုများ ယင်းကဲ့သို့ များပြားလာသည့်အတွက် ပြုစုစောင့် ရှောက်ပေး မည့် စက်ရုပ်များ ထုတ်လုပ်လာကြခြင်းဖြစ် ကြောင်း သိရှိရသည်။

ကလောင်လှ
Ref: Asia News

Source by :http://newsnetworkmedia.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။