သူ့ကို ပေးမကစားရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ မန်စီးတီးကို သတိပေးလိုက်တဲ့ ကိုလိုတိုရေး
ယခုရာသီတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးလျှက် ရှိနေသည့် မန်စီးတီးအသင်း၏ နောက်ခံကစားသမား ကိုလိုတိုရေးက အသင်းတွင် နေရာမရပါက ပီအက်စ်ဂျီသို့ သွားရောက်ကစားတော့မည်ဖြစ်ကြောင်း အသင်းသို့ သတိပေးပြောကြားခဲ့သည်ဟု သိရှိရသည်။ တားမြစ်ဆေးပြဿနာဖြင့် ခြောက်လပွဲပယ်ခံရပြီးနောက် အသင်းမှ စံချိန်တင် ဒဏ်ကြေး ပေါင်ခုနှစ်သိန်းနှစ်သောင်း တပ်ရိုက်ခံခဲ့ရသော ကိုလိုတိုရေးမှာ ယင်းဒဏ်ကြေးအတွက် အံ့အားသင့်လျှက် ရှိနေပြီး ပွဲပယ်ပြစ်ဒဏ်စေ့သော်လည်း အသင်း၌ ပုံမှန်ပွဲကစားခွင့်ကို ဆုံးရှုံးခဲ့သည်။
တိုရေးက "မန်စီးတီးကစားသမားတစ်ယောက်အနေနဲ့ လာမယ့် ဇန်န၀ါရီမှာ ဘာတွေဖြစ်မယ်ဆိုတာကို ကြိုမြင်နိုင်ဖို့ ခက်ခဲပါတယ်.. ဒါပေမယ့် ဘောလုံးမှာ ဘာမဆို တစ်ခဏလေးအတွင်း ဖြစ်သွားနိုင်ပါတယ်.. ကျွန်တော့အတွက် ပွဲကစားချိန် ဘယ်လောက်များများ ရလဲဆိုတဲ့အပေါ် မူတည်ပါတယ်.. ကျွန်တော် ပွဲတွေ တော်တော်များများ ကစားချင်ပါတယ်..
ဒီအခြေအနေထက် ဘာမှ ပိုပြီး ထူးမလာဘူးဆိုရင် ကျွန်တော့ကိုယ် ကျွန်တော် ပြန်မေးခွန်းထုတ်ရပါလိမ့်မယ်.. ခုချိန်မှာ ပီအက်စ်ဂျီဟာ မန်စီးတီးလို အေစီလို အာဆင်နယ်လို ထိပ်တန်း အသင်းကြီး တစ်သင်းပါ.. သူတို့ဟာ ထိပ်တန်း ကစားသမားတွေကို ငွေကြေးရင်းနှီးမြှုပ်နှံပြီး ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း အသင်းတစ်သင်းဖြစ်အောင် လုပ်ဆောင်နေကြပါတယ်.. ပီအက်စ်ဂျီကို ငြင်းဆန်တဲ့ ကစားသမား တစ်ယောက်တောင် ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
Source by :http://mutdfan.com/

0 comments:
Post a Comment