Home » , » ဆရာနေမင်းခ တင်ပြသော ရင်ငြိမ်းပွင့် အားမှတ်ချက် ချခြင်း

ဆရာနေမင်းခ တင်ပြသော ရင်ငြိမ်းပွင့် အားမှတ်ချက် ချခြင်း

Written By မောင်စေတနာ on Saturday, December 3, 2011 | 4:30:00 AM



သတင်းထဲပါတာက၊တော်တော်တော့ကြာပြီ

ဟိုလူလဲရေး၊သည်လူလဲရေး

ခဏခဏရေးကြတော့၊လူသေတာဘာဆန်းလဲ

ဇာတ်လမ်းတွေဆင်၊မှတ်တမ်းတွေတင်နေတာဘဲပေါ့လို့။

စာဆိုဆရာကိုနေမင်းခက၊အနာ၈တ်စတားမှာ

ရင်နာနာနဲ့၊ညီးအကြောင်းတင်လာတော့၊

သည်ဆရာတင်ပြချက်ကပြည့်စုံ၊

ဓါတ်ပုံတွေ၊အကုန်

ပါတော့

တွေးစရာ၊ရေးစရာတွေ

ပေါ်လာတယ်ဗျ။

သူကလည်း၊စာရေးကောင်းတော့

အဟောင်းတွေက၊အသစ်ဖြစ်လာ

မေတ္တာ၊အကြောင်း၊တစောင်းတစ်စေ့

ရေးခြင်စိတ်၊တွေ့လာတယ်။

ဦးတို့ငယ်စဉ်၊ရူးတုံးခဏမှာ

သမီးလိုအဖြစ်ထူး၊ကြုံဘူးပါရဲ့။


ချစ်သူကို၊နုတာလေးတွေ

ပြခြင်တော့၊အခုလို

စက်တက်တူး၊မပေါ်ဘူးသေးတဲ့ခေတ်မှာ

ပွဲဈေးတန်းသွား၊စုတ်တန်နဲ့ကစားတဲ့

ဆရာကိုဦးခိုက်၊ရူးမိုက်မိုက်နဲ့

မုံ့ဖိုးကုန်၊အဖျားတက်လို့တုန်ပြီး

တဟီးဟီးနဲ့၊မထနိုင်တာသုံးရက်။

မသုံးရက်၊မစွဲရက်မုံ့ဖိုးနဲ့

ထိုးလာတဲ့၊အချစ်တံဆိပ်အမှတ်က

ရင်ဘတ်မှာ၊အသည်းပုံနှစ်ထပ်။

အချစ်နတ်ဘုရားမကိုလည်း၊

မြင်စေခြင်တော့၊ဆောင်းတွင်းတောင်

အင်္ကျီကြယ်သီးမတပ်၊ရင်ဘတ်အဟနဲ့

အအေးပါတ်တာလည်း၊ခဏခဏ၊

အချစ်နတ်ကို၊တွေ့စေခြင်တာကိုး။

မင်းနဲ့ငါ၊သည်အထိ

ချစ်တာလည်းတူ၊

ရူးတာလည်းတူ၊


ထူးတာလည်းတူပါရဲ့။


နောက်တခါတူတာက

ရိုးသားတဲ့အချစ်

ဖြစ်မယ်လို့ထင်ရဲ့။

အသစ်ဆိုတာမကြားခြင်ဘူး

အနှစ်ဆိုတာ၊တစ်ယောက်ထဲဘဲရှိရမယ်ဆိုတဲ့ဆန္ဒ။

ရိုးသားတာကောင်းပေမဲ့

မကောင်းတာက၊သံယောဇဉ်လွန်ကဲခြင်းနှင့်

အအလွန်ခြင်းဘဲပေါ့။


တူနှစ်ကိုယ်၊နီးရအောင်

လေးနှစ်ကြာ၊ခရီးထွက်ပြီး၊

နီးစပ်ဖို့၊အပြီးပြန်လာမှ


ရီရမလို၊ငိုရမလိုဖြစ်ပြီ


ချီနေရတာက၊သူ့သမီးနှစ်ယောက်။

ကံကြီးလို့၊အထင်မှားမခံရ

သူ့ယောက်ျား၊ခရီးသွားနေလို့ကံကောင်းတာ။

စုဆောင်းပြီး၊ပို့ထားတွေလည်း၊

မမေးရက်၊ရင်နာစွာ၊ပြေးထွက်ပြီး

ဝေးတသက်သက်မှ

သက်သာမယ်လို့ဆုံးဖြတ်ရ

အသုံးမကျတာ၊ငါပဲပေါ့

မိဘသဘောတူ၊ယူလိုက်တာကိုဘဲ

လေးစားရမလို။

အဲသည့်ခေတ်က


ဖုန်းဆက်ဖို့လည်းခက်


အင်တာနက်လည်းမရှိ၊


ကြေးနန်းနဲ့စာ၊အားကိုးသာနေရ

ဆိုးခဲ့တဲ့၊ငါ့ကံ။

ဘ၀မှန်၊ပြန်ရောက်အောင်

နှစ်နှစ်ကျော် တရားထိုင်

ပိုင်နိုင်မှ ဘဝပြန်စ

အခုကျတော့လည်း


ရီစရာတွေ ဖြစ်ကုန်ပြီ။

ညီးကိုဓါတ်ပုံထဲ မြင်တော့


ရုပ်ကလေးကည်းလှ

ဘွဲ့ကလေးကလည်းရ

တစ်ခုပဲ ဂွကျတာက

မင်းမိဘ မင်းဆွေမျိုးတွေ

ပံ့ပိုးနေတဲ့ အသိုင်းအဝိုင်းကနေ

ရိုင်းစိုင်းစွာ ထွက်ပြေးတာက

မင်းအသုံးမကျတာပဲပေါ့။

တစ်ပြေတစ်ရွာဆိုတော့လည်း


အခက်သား

အချိန်အားကနည်း


တိုင်ပင်ဖက်ကလည်းမရှိ

မင်းသိသိကြီးနဲ့


တစ်ယောက်တည်းနေ

တွေဝေတာများလာတော့


ဆေးစကားနဲ့ပြောရရင်

မင်း ဒီပရက်ရှင် ဝင်ပြီပေါ့။

မိဘလည်းနာ လူမျိုးလည်းနာ

တိုင်းပြည်လဲနာ မင်းလည်းနာတာ


မှန်ပေမယ့်

ကျန်သူတွေကပိုနာသလိုဘဲ။

ဒီဘဝမှာ ကျန်တဲ့သူတွေသင်ခန်းစာရအောင်

ငါစာကြမ်းတစ်ပုဒ်တော့ ရေးပါရစေ။

ပစ္စုပ္ပာန်တွင် ကြုံနေသောဒုက္ခများမှာ

အနာဂတ်တွင် ရီစရာပါ မိတ်ဆွေတို့။

မယုံရင် ဆန်းစစ်ကြည့်ကြ

ငယ်စဉ်က ဒုက္ခတွေလည်း

အခုတော့ ဟာသတွေပါ။

ဘဝမှာ စိတ်ညစ်ရင်၊

မိတ်အစစ်တွေနဲ့တိုင်ပင်

မှိုင်တွေပြီး တစ်ယောက်တည်း မနေနဲ့။

ရေကြောင့်ဖြစ်သော နွံကို

ရေဖြင့်ပင်ဆေးကြောပါလို့

လူကြီးတွေလည်းပြောဘူး

တို့ဘုရားလည်း ဟောဘူးပါရဲ့

မင်းကိုလည်း သနားပေမဲ့

လူမျိုးချင်း သံယောဇဉ်အရ

စိတ်တိုလို့ပြောချင်တာက

နှမအရင်းသာဆိုရင်

သေပြီးလို့ပြာဖြစ်တောင်

နာရင်းသာ နာနာရိုက်ခြင်ရဲ့။


နင်လုပ်တာ၊နင့်အမှား


ဟိုငနွား၊ဘာမှမဖြစ်ဘူး။

နင့်အတွေးကို ငါခန့်မှန်းတာက

နင်သာသေသွားရင် သူတစ်သက်လုံး


လွမ်းတေးမဆုံးဖြစ်တော့မယ်၊ထင်နေလား

ငါကတော့၊ မထင်ရေးချ မထင်

ငါ့အမြင့်နဲ့ ငါထင်တာရေးရရင်

နင့်ရဲ့အချစ်ဘုရား၊ လူ့ငနွားကတော့

ဝမ်းသာလို့ ကျွမ်းထိုး၊ လည်တိုင်တောင်၊

ကျိုးလောက်ပြီ။

မတတ်သာသနားလို့


ညီးကိုအမျှတော့၊ ဝေဦးမယ်

အမျှ.အမျှ...

တစ်ခုချန်ခဲ့တာက

ညီးကို နာမ်ဘုံကမပြန်စေခြင်သေးဘူး


နင့်အရူး၊ဟိုမအေပေးယုတ်ကို


ဂုတ်ချိုးပြီးမှ၊သွားစေခြင်လို့...


စိတ်မကောင်းစွာဖြင့်

ရဲလတ်

Source by :http://myanmarinsingapore.com/
Share this article :

1 comments:

လမင်းငယ် said...

ဖတ်သွားပါတယ်ရှင်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။