Home » » ဗီဒီယိုဈေးကွက်များ ပြန်လည်ဦးမော့ လာရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

ဗီဒီယိုဈေးကွက်များ ပြန်လည်ဦးမော့ လာရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

Written By မောင်စေတနာ on Thursday, December 1, 2011 | 1:30:00 AM



‘ခိုးကူးခွေ ဟန့်တားရေးနှင့် ဗီဒီ ယိုဈေးကွက်များပြန်လည် ဦးမော့လာရေး’ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေး နွေးပွဲတစ်ရပ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း လုပ်ကိုင်လျက်ရှိသည့် ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးများနှင့် ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့၊ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှာ တာဝန် ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည် ဟု သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် ခိုးကူးခွေဟန့်တားရေးအတွက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက်အတွင်း ရင်ဆိုင်နေရသည့် ဈေးကွက်ကျဆင်းခြင်း ပြဿနာကို ရင်ဆိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပါဝင်ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။

ဆွေးနွေးပွဲသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည့် ဆင်ဆာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ အဆက်ဖြစ်ကာ ထုတ်လုပ်သူများအနေဖြင့် အဓိက ရင်ဆိုင်ရလျက် ရှိသည့် ခိုးကူးခွေပြဿနာနှင့် ဈေးကွက်ကျဆင်းရေး ပြဿနာတို့ကို အဖြေရှာနိုင်ရန်အတွက် အဓိကရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)က ဆွေးနွေး တင်ပြရာ၌ ထုတ်လုပ်ရိုက်ကူးမှုဆိုင် ရာအပိုင်းတွင် demand ရှိသော မင်းသားများသည် ထုတ်လုပ်သူများ မှ သူ့ထက်ငါ အလုအယက် ရိုက်ကူးမှုများကြောင့် သတ်မှတ်ရက်ခုနစ် ရက်ထက်လျော့၍ ရိုက်ကူးမှုများရှိလာ ခြင်း၊ တစ်လလျှင် လေးကားထက်ပို ၍ရိုက်ကူးမှုများရှိလာခြင်း၊ ဇာတ်ကားများဖောင်းပွပြီး ရောင်းလိုအားများကာ ၀ယ်လိုအားကျဆင်းလာခြင်းနှင့် ဖြန့်ချိမှုဆိုင်ရာ အဖြေရှာမှုစသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ထုတ်လုပ်ရေးများ အနေဖြင့်ကြုံတွေ့ရလျက်ရှိသည့် အခက်အခဲများကို တင်ပြရာ၌ ခိုးကူး ခွေဟန့်တားရေးစီမံချက်ကို လုပ်ဆောင်ရာ၌ ကြုံတွေ့ရသော အခက်အခဲများ၊ ခိုးကူးခွေ ငှားရမ်းလျက်ရှိသူ အချို့မှာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဗီဒီယို အခြေခံအဖွဲ့ဝင် ပါဝင်နေသည့် ကိစ္စ ရပ်များ၊ ပြစ်ဒဏ်ချမှတ်မှုဆိုင်ရာ အားနည်းချက်များနှင့် အရည်အသွေးနိမ့်ဇာတ်ကားများနှင့် ပတ်သက်သော အချက်အလက်များကို တင်ပြဆွေးနွေးသွားခဲ့သည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။