Home » , » စင်ကာပူ ခရီးသွားဘုတ်အဖွဲ့ STB က ထားရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ Singapore Education Specialists များ၏ သက်တမ်းကိုရုပ်သိမ်း

စင်ကာပူ ခရီးသွားဘုတ်အဖွဲ့ STB က ထားရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ Singapore Education Specialists များ၏ သက်တမ်းကိုရုပ်သိမ်း

Written By မောင်စေတနာ on Monday, November 7, 2011 | 4:30:00 AM



STB ၏၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် ပညာရေးပြပွဲ

စင်ကာပူ ခရီးသွားဘုတ်အဖွဲ့ (Singapore Tourism Board-STB) ၏ပညာရေးကဏ္ဍအောက်တွင်ထားရှိ ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ Singapore Education Specialists ခန့်အပ်ထားရှိခဲ့သည့် သက်တမ်းကို ထပ်မံ တိုးချဲ့ခြင်း မပြုတော့ဘဲ CPE (Council for Private Education) မှတိုက်ရိုက် ကိုင်တွယ် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စင်ကာပူ၏ ပုဂ္ဂလိကပညာရေး ဈေးကွက်ကို ကမ္ဘာတွင် ချဲ့ထွင်စေလိုခြင်းအပြင် ပုဂ္ဂလိကပညာရေး သင်ကြားနေသည့် ကျောင်းများ၏ အရည်အသွေးကို မြှင့်တင်စေလိုသည့်အတွက် စင်ကာပူပညာရေး ၀န်ကြီးဌာနမှCPE အဖွဲ့ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ခဲ့သည်ဟု သိရသည်။

အဆိုပါ CPE က ပုဂ္ဂလိက ပညာရေးတွင် နိုင်ငံတကာ ကျောင်းသားများအား လက်ခံသင်ကြား နေလျက်ရှိကြသည့် ကျောင်းများ၏ အရည်အသွေးပိုင်းကို Edu Trust လက်မှတ်ထားရှိကာ စဉ်ဆက်မပြတ် အကဲဖြတ် ထိန်းချုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် မြန်မာကျောင်းသားများ စင်ကာပူရှိ ပုဂ္ဂလိကကျောင်းများ သို့တက်ရန် အေးဂျင့်များနှင့် ဆက်သွယ်ရာတွင်လည်း ယခင်ကကဲ့သို့ Singapore Education Specialists များဆီသို့သာ ရွေးချယ်သွားရန် မလိုအပ်တော့ဘဲ မိမိတို့တက်လိုသည့် ကျောင်းကိုသာ ဦးတည်ရွေးချယ်ပြီး ကျောင်းက အသိအမှတ်ပြုထားသော အေးဂျင့်ကို ၀က်ဘ်ဆိုက်တွင် ရှာဖွေကာသွားရောက်ကျောင်းအပ်နှံရန် စီစဉ် ထားရှိသည်ဟု Smart Resources ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဖြိုး က ရှင်းပြခဲ့သည်။

“ကျွန်တော်တို့ အေးဂျင့်တွေကိုလည်း ကျောင်းတွေက တိုက်ရိုက်ကိုင်တွယ်မယ်။ ဒါကို CPEရဲ့အကဲဖြတ် စိစစ်မယ့်အခန်းကဏ္ဍမှာ ထည့်သွင်းထားပြီးပြီ။ အဲဒီတော့ကျွန်တော်တို့နဲ့ လင့်ခ်ချိတ်ထားတဲ့ ကျောင်းတွေက ကျွန်တော်တို့ အေးဂျင့်တွေရဲ့ အရည်အသွေးရှိရှိနဲ့ ထူးချွန်တဲ့ ကျောင်းသား ရရှိအောင် စဉ်ဆက်မပြတ် အကဲဖြတ်မှုတွေ လုပ်သွားရတော့မယ်။ ကျောင်းတွေက သူတို့ကျောင်းကိုပို့ပေးမယ့် အေးဂျင့်တွေရဲ့ အရည်အသွေးကိုပါ ဂရုစိုက်နေရမှာ ဖြစ်တယ်။ ကျောင်းတွေက ကျောင်းဝင်ခွင့်တွေနဲ့ ကျောင်းသားအရေးကို မှန်ကန်တိကျအောင် ဖြေရှင်းသွားရလိမ့်မယ်။ CPE ကလည်း ကျောင်းတွေရဲ့ အရည်အသွေးပိုင်းကို သက်ညှာမှုမထားဘဲ သေချာစိစစ်လိမ့်မယ်”ဟု ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာဦးနေလင်းဖြိုးက ဆိုသည်။

မြန်မာနိုင်ငံတွင် Singapore Education Specialists ၀န်ဆောင်မှု လုပ်ငန်းလေးခုရှိပြီး ၎င်းတို့တည်ရှိရာ အဖွဲ့အစည်း၏ ၀က်ဘ်ဆိုက် လိပ်စာ၊ ဒီဇိုင်းများတွင်လည်း Singapore Education Specialists (SES) ဟူ၍ ရည်ညွှန်းမှုများ ဆက်လက်မပြုလုပ်ရန် မြန်မာ-ထိုင်းနိုင်ငံ ရှိ STB က ထုတ်ပြန်ထားသည်။

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။