Home » » ဟစ်ဟော့ပ် သီချင်းဆိုပြိုင်ပွဲ နိုဝင်ဘာလ ပထမပတ်တွင် ပြုလုပ်မည်

ဟစ်ဟော့ပ် သီချင်းဆိုပြိုင်ပွဲ နိုဝင်ဘာလ ပထမပတ်တွင် ပြုလုပ်မည်

Written By မောင်စေတနာ on Monday, November 7, 2011 | 10:20:00 AM



ဝါသနာရှင်လူငယ်များ ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ရှိုးပွဲစင်မြင့်ထက်တွင် ဖျော်ဖြေနိုင်သည့် အခွင့်အရေးပါရရှိနိုင်မည့် ဟစ်ဟော့ပ်သီချင်းဆိုပြိုင်ပွဲအား နိုဝင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့Junction မော်တင်၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။

အဆိုပါ ဟစ်ဟော့ပ်သီချင်း ဆိုပြိုင်ပွဲတွင် တစ်ဦးချင်းဖြစ်စေ၊အဖွဲ့နှင့်ဖြစ်စေ လာရောက်ယှဉ်ပြိုင်နိုင်ပြီး အကောင်းဆုံးအဖွဲ့သုံးဖွဲ့မှ ငါးဖွဲ့အထိ ရွေးချယ်၍ တန်ဆောင်မုန်းလပြည့်နေ့ညတွင် မျှော်စင်ကျွန်း၌ ကျင်းပပြုလုပ်မည့် MHA show တွင် ဖျော်ဖြေနိုင်ရန်စီစဉ်ပေးသွားမည်ဟု သိရှိရသည်။

''ဒီအစီအစဉ်လေးက MHA ရှိုးပွဲအတွက် ထူးထူးခြားခြား ဘယ်လိုအစီအစဉ်လေးတွေဖြစ်အောင် တင်ဆက်ရင်ကောင်းမလဲဆိုတာ တိုင်ပင်ကြရင်းက လုပ်ဖြစ်သွားတာပါ။ နိုဝင်ဘာလ ၆ ရက်နေ့နေ့လည် ၁ နာရီ မှာ ဟစ်ဟော့ပ်သီချင်းဆိုပြိုင်ပွဲ လုပ်မယ်။ မည်သူမဆို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်တယ်။ ကိုယ်ပိုင်သီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်တာပဲဖြစ်ဖြစ်၊ သူများသီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်တာပဲဖြစ်ဖြစ် ပါဖောမန့်စ်ရယ်၊ သီဆိုမှုစွမ်းရည်အပေါ်မှာ အကဲဖြတ်သွားမှာပါ'' ဟု ပွဲစီစဉ်သူဖြစ်သည့် Fast Lane Management မှ တာဝန်ရှိသူ တစ်ဦးကရှင်းပြခဲ့သည်။

ဟစ်ဟော့ပ် သီချင်းဆိုပြိုင်ပွဲတွင် MHA ရှိုးပွဲ၌ပါဝင်သီဆိုမည့် ဟစ်ဟော့ပ်အဆိုရှင်များကိုယ်တိုင် အကဲဖြတ်အမှတ် ပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်အဖွဲ့များကို ယင်းနေ့တွင်ပင်ကြေညာပေးသွားမည်ဖြစ်ကာ တန်ဆောင်မုန်းလပြည့်နေ့ MHA ရှိုးပွဲ၌ ပါဝင်သီဆို စေမည်ဟု သိရသည်။ ထို့ပြင် Fast Lane Mana-gement မှ ထပ်မံစီစဉ်သွားမည့် တေးစီးရီး သစ်များတွင် ပါဝင်သီဆိုခွင့်များလည်း ရရှိနိုင်မည်ဟု သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။