Home » , » Spam အကြောင်း သိကောင်းစရာ (၂)

Spam အကြောင်း သိကောင်းစရာ (၂)

Written By မောင်စေတနာ on Saturday, November 26, 2011 | 11:30:00 AM



Spam အကြောင်း သိကောင်းစရာ (၂)

Spam ပို့လွှတ်သူအများစုဟာ Hoax e-mail အသုံးပြုပြီး e-mail လိပ်စာ အများအပြားကို ရယူကြပါတယ်။ တစ်ခါတစ်ရံတွင် ထူးဆန်းသော Message များဖန်တီးပေးပို့ကြပြီး ဆက်လက်၍ ဖြန့်ဝေရန် နှိုးဆော်စာများ ပါရှိပါတယ်။

လူအချို့ကတော့ ထိုစာသား Message များကို ယုံကြည်ကြပြီး အခြားသူများထံသို့ ဆက်လက်ပေးပို့တာကြောင့်
အချိန်တိုအတွင်း Spam များ အများအပြား ပြန့်ပွားကုန်ကြပါတယ်။ ထို့အတွက် Spam ပေးပို့သူများဟာ e-mail လိပ်စာအများအပြားရရှိစေဖို့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

တကယ်တော့ Spam ပေးပို့မှုဟာ တရားမ၀င်လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထို Spam များ မိမိ e-mail ထဲသို့ မရောက်ရှိအောင် ကာကွယ်ဖို့ကတော့ အတော်လေးခဲယဉ်းပါတယ်။ ထို့ပြင် Spam ပေးပို့သူများ သိရှိနိုင်ရန်နှင့် ဖမ်းဆီးနိုင်ရန်ကတော့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် ထို Spam များရန်မှ ကာကွယ်သင့်ပါသလဲ။

(၁) မိမိ e-mail အတွင်း Spam များ မရောက်ရှိအောင် Spam Filter ကို အသုံးပြုသင့်ပါတယ်။ G-mail, Yahoo, Hotmail များတွင် ထို Filter ဟာ Default ပါဝင်ပါတယ်။ ထို Filter ဟာ Spam များအား အလိုအလျောက် Spam Folder အတွင်းသို့ ရွှေ့ပြောင်းကာ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အချို့ Spam များကို ထိရောက်စွာ မကာကွယ်ပေးနိုင်ပါဘူး။

(၂) ဖိုရမ်များ၊ Chatroom များတွင် သင်၏ e-mail address ကို အသုံးမပြုသင့်ပါဘူး။ ထို Site များတွင် အခြား e-mail လိပ်စာကိုသာ အသုံးပြုသင့်ပါတယ်။

(၃) Website များတွင် e-mail လိပ်စာတောင်းယူပါက e-mailaddress@yoursite.com This e-mail address is being protected from spambots. You need JavaScript enabled to view it ဟု မရေးသားဘဲ
e-mailaddress[at]yoursite.com ဟု ရေးသားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထို့အပြင် မိမိ e-mail လိပ်စာအတွင်းသို့ Spam-mail များ ၀င်ရောက်လာပါက ဆက်လက်၍ မပေးပို့ဘဲ ဖျက်ပစ်ရမှာပဲ ဖြစ်ပါတယ်။

အထက်ပါ အချက်များအား လိုက်နာ အသုံးပြုခြင်းအားဖြင့် Spam များ ၀င်ရောက်လာခြင်းကို အတော်အသင့် ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။