Home » » ရေဘေးဒုက္ခသည်များ ထံမှ မဟာချိုင်းရဲက သိမ်းဆည်းထားသည့် လက်ကိုင်ဖုန်းနှင့် ပစ္စည်းများပြန်ရ

ရေဘေးဒုက္ခသည်များ ထံမှ မဟာချိုင်းရဲက သိမ်းဆည်းထားသည့် လက်ကိုင်ဖုန်းနှင့် ပစ္စည်းများပြန်ရ

Written By မောင်စေတနာ on Saturday, November 26, 2011 | 5:30:00 AM



ရေးဘေးဒုက္ခကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ပန်းရံ အလုပ်သမား (၃)ဦးထံမှ မဟာချိုင်ရဲများ သိမ်းယူထားသော လက်ကိုင်ဖုန်းနှင့် အခြားပစ္စည်းများ ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။

ပန်းရံ အလုပ်သမား (၃)ဦးမှာ ဘန်ကောက်မြို့၊ လာမင်ထား (၉၆)လမ်းတွင် အလုပ် လုပ်ကိုင်နေရာမှ ရေဘေး ဒုက္ခကြောင့် မဟာချိုင် ယာယီ ရေဘေး ကယ်ဆယ်ရေးစခန်းသို့ လာရောက်စဉ် နိုဝင်ဘာလ (၁၃)ရက်၊ ည (၇)နာရီခန့်က မဟာချိုင်၊ ဘန်းပါရပ်၊ မာလီ ငါးသေတ္တာရုံ အနီးရှိ ယာဉ်ထိန်း ရဲကင်းမှ ဖမ်းဆီးပြီး ပစ္စည်းများ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံသူများထဲမှ တစ်ဦးဖြစ်သော မမြင့်မြင့်ဌေးက “သမီးတို့ လုပ်ငန်းခွင် ရေမြုပ်သွားတယ်။ လုပ်အားခလည်း သူဌေးက ရှင်းမပေး လိုက်ဘူး။ ကယ်ဆယ်ရေး စခန်းကို သွားဖို့ ကားခ လောက်ပဲပါတယ်။ ပေးစရာ ပိုက်ဆံ မပါတာကြောင့် ကျမတို့မှာ ပါလာတဲ့ ပစ္စည်းတွေကို အကုန်သိမ်း လိုက်တာဖြစ်တယ်။ ဖုန်းသိမ်းတယ်။ ပြီးတော့ မဟာချိုင် (၄)ထပ် အချုပ်ခန်းမှာ (၂)ည အိပ်ခဲ့ရတယ်’’ ဟုပြောသည်။

ရဲများက အလုပ်သမားများ ထံမှ တစ်ဦးလျှင် ဘတ်ငွေ(၈၅၀၀) တောင်းသဖြင့် ရေဘေးဒုက္ခကြောင့် လာသူများ ဖြစ်၍ ငွေမပါကြောင်း အလုပ်သမားများက ပြန်လည်ပြောဆိုခဲ့ရာ တစ်ဦးလျှင် (၆၅၀၀)ဘတ် လျော့ပေးခဲ့ပြီး မိတ်ဆွေများမှတဆင့် ရွေးထုတ်ရန် ရဲများက ပြောဆိုခဲ့သည်။

၎င်းတို့ တောင်းခံသည့်ငွေကို မပေးနိုင်သဖြင့် လက်ကိုင်ဖုန်း (၂)လုံး၊ ဘတ်ငွေ (၁၉၉)ဘတ် တန်ဘိုးရှိ အနီးရောင် ပန်ကာ တစ်လုံး၊ အ၀တ်အထည် ထည့်သည့် အိတ်(၃)လုံးနှင့် အမျိုးသမီး ဆလင်းဘက်အိတ် တစ်လုံးကို သိမ်းဆည်း ထားလိုက်သည်။

အဆိုပါ ပစ္စည်းများကို ရေဘေး ဒုက္ခသည်များအတွက် မဟာချိုင် ယာယီကယ်ဆယ်ရေး စခန်းကို ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (BAT)က ရဲစခန်းမှ ပြန်လည်တောင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။

BAT တာဝန်ခံ ဦးကျော်သောင်းက ယာယီ ကယ်ဆယ်ရေးစခန်းကို ခါးတစ်ထည် ကိုယ်တစ်ခုတည်းနဲ့ အလုပ်သမား (၃)ယောက် ရောက်လာတာ အ၀တ်လဲစရာတောင် မပါဘူး။ ဘတ်ငွေ (၆၀)ပဲ ပါတဲ့ ပန်းရံ အလုပ်သမားတွေ ဖြစ်တယ်။ ကျနော်တို့ မိတ်ဆွေတွေနဲ့ သွားပြီးတော့ သိမ်းထားလိုက်တဲ့ ရဲစခန်းကို သွားတောင်း ပေးလိုက်တယ်။ အလုပ်သမားတွေ ၀မ်းသာသွားကြတာပေါ့’’ဟု ပြောသည်။

ရေဘေးသင့်နေသည့် ရွှေ့ပြောင်းအလုပ်သမား တို့အား ဖမ်းဆီးခြင်းမပြုရန် ထိုင်းအာဏာပိုင်များက တရားဝင် ထုတ်ပြန် ထားသော်လည်း မဟာချိုင်ရဲများမှာ မြန်မာအလုပ်သမားများအား ဖမ်းဆီးခြင်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။