Home » , , » Spam အကြောင်း သိကောင်းစရာ (၁)

Spam အကြောင်း သိကောင်းစရာ (၁)

Written By မောင်စေတနာ on Thursday, November 24, 2011 | 5:30:00 AM



အင်တာနက် အသုံးပြုသူ လူတိုင်းလိုလိုဟာ နေ့စဉ်နှင့်အမျှ စိတ်ပျက်ဖွယ် ကောင်းသော Spam Mail များ ၀င်ရောက်လာမှုကို ကြုံတွေ့ခဲ့ရပါတယ်။ သင့်အနေဖြင့် E-Mail Account တစ်ခုကို ရယူသုံးစွဲ လိုက်သည်နှင့်တစ်ပြိုင်နက် မကြာမီရက်ပိုင်းအတွင်း Spam များ ၀င်ရောက်လာတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ထို Spam များဟာ မည်သည့်နေရာမှ ၀င်ရောက်လာပါသလဲ။ ဘာကြောင့် ထို Spam များ ၀င်ရောက်လာကြပါသလဲ။ Spam ဆိုတာဟာ Electronic Messaging System စနစ်အရ အသံလွှင့်မီဒီယာများ၊ Website များ၊ Electronic စက်ရုံ၊ အလုပ်ရုံများမှ ကြော်ငြာပေးပို့ခြင်းဖြစ်ပါတယ်။

ထို Spam များဟာ ကုမ္ပဏီ၏ စေခိုင်းချက်အရ Spammer (Spam ပို့လွှတ်သူများ) မှ ပို့လွှတ်ခြင်းဖြစ်ကြောင်း တစ်ကြိမ်တည်းဖြင့် E-Mail လိပ်စာထောင်ကျော်ကို ပို့လွှတ်နိုင်ကြောင်း သိရှိရပါတယ်။ ထို Spam ပို့လွှတ်သူများဟာ Manually အနေဖြင့် ပို့လွှတ်ကြပြီး တစ်ခါတစ်ရံ မှာတော့ အလိုအလျောက် Spam ပေးပို့နိုင်သော Spambot ကို အသုံးပြုလေ့ရှိကြပါတယ်။

Spam ပို့လွှတ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ ၎င်းတို့၏ ကြော်ငြာ (သို့မဟုတ်) Message များအား လူအများ မှတ်မိသိရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဥပမာအနေဖြင့် လူတစ်ယောက်ဟာ အင်တာနက်ပေါ်မှတစ်ဆင့် E-book စာအုပ်များ ရောင်းဝယ်လုပ်ကိုင်ရာ၌ ကြော်ငြာအသုံးပြုမယ့်အစား Spam များပေးပို့လုပ်ဆောင်ခဲ့ပါတယ်။

Spam ပေးပို့သူများ အနေဖြင့်လည်း စာအုပ်တစ်အုပ်ဝယ်ယူတိုင်း ၁၀ဒေါ်လာခန့်ရရှိပြီး E-Mail တစ်သောင်းဆီသို့ ကြော်ငြာပို့လွှတ်ပါက ဒေါ်လာ တစ်သိန်းခန့်ရရှိမှာ ဖြစ်ပါတယ်။ ထို့ကြောင့် Spam ပေးပို့သူများဟာ E-Mail လိပ်စာ များနိုင်သမျှများအောင် ပို့လွှတ်ကြပါတယ်။

ကျွန်ုပ်တို့နေ့စဉ် အသုံးပြုနေသော အင်တာနက်ပေါ်ရှိ Website အချို့ဟာ e-mail ID များအား စုဆောင်းရယူ ထားကြပြီး Spam ပို့လွှတ်သူများထံသို့ ထို e-mail လိပ်စာများအား ပြန်လည်ရောင်းချကြပါတယ်။

ထိုအတွက်ကြောင့် မိမိ၏ e-mail လိပ်စာဟာ Spam ပို့လွှတ်သူများထံသို့ရောက်ရှိပြီး Spam ပို့လွှတ်မှုကို ခံကြရပါတယ်။ ထို Spam Webiste များထဲတွင် သတင်းအဖွဲ့အစည်းများ၊ ဖိုရမ်များ၊ အင်တာနက် Chatroom များ အများစုပါဝင်ကြကြောင်း သိရှိရပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

2 comments:

မဒမ်ကိုး said...

ဒါလဲသိသင့်တာပဲ
ကျေးဇူးတင်တယ်အကိုး)

zawzaw said...

ကျေးဇူးတင်ပါတယ်။
နောက်လည်းကောင်းတာလေးတင်ပေးပါနော်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။