Home » » ထိုင်းရေဘေးသင့် မြန်မာ အလုပ်သမားများ တစ်ရက်လုပ်အားခ ၇၀ ရာခိုင်နှုန်း ခံစား ခွင့်ရ

ထိုင်းရေဘေးသင့် မြန်မာ အလုပ်သမားများ တစ်ရက်လုပ်အားခ ၇၀ ရာခိုင်နှုန်း ခံစား ခွင့်ရ

Written By မောင်စေတနာ on Thursday, November 24, 2011 | 10:20:00 AM



ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်မဆင်းရသော်လည်း တစ်ရက်လုပ်အားခ၏ ၇၀ ရာခိုင်နှုန်း ခံစားခွင့်ပြုထားပြီး ၁၆၀ ဘတ်ရရှိကြောင်း ထိုင်း ဘန်ကောက်မဟာချိုင်မှ မြန်မာအလုပ်သမားအရေး စေတနာ့ဝန်ထမ်း တက်ြွကလှုပ်ရှားသူတစ်ဦးက ပြောကြားသည်။

အလုပ်သမားများနေထိုင်ရာ ရပ် ကွက်များအတွင်းသို့ ရေများဝင်ရောက် ကာ ပေါင်ရင်းခန့်မြုပ်နေပြီး သွား ရေးလာရေးအတွက် သံခွံလှေတစ်စီး ၄၁၀ဝ ဘတ်ဖြင့် စုပေါင်းဝယ်ယူထား သကဲ့သို့ စားနပ်ရိက္ခာများလည်း ဝယ်ယူ စုဆောင်းထားသဖြင့် လတ်တလော စားသောက်ရေးအတွက် မပူရကြောင်း အုန်းနွဲမှ မြန်မာအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးတင့်လွင့်က ဆိုသည်။

အလုပ်ရုံပိတ်ထားသော အလုပ် သမားများမှာလည်း မြန်မာနိုင်ငံသို့ပြန် ကြကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် လုပ်ထားလျှင် ခရီးစရိတ် ၆၀ဝ ဘတ်ခန့် သာ ကုန်ကျပြီး လက်မှတ်မရှိလျှင် ၄၅၀ဝဘတ်ခန့် ကုန်ကျကြောင်း၊ မြန်မာ နိုင်ငံသံရုံးကလည်း မြန်မာနိုင်ငံသို့ ပြန် သူများကို ထူးထူးခြားခြားအကူအညီ ပေးနေကြောင်း အသက် ၃၈နှစ်အရွယ် အထည်စက်ရုံ အမျိုးသမီးအလုပ်သမား တစ်ဦးက ပြောကြားသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်း များက ရေများ၊ စားသောက်စရာများ ဝေခြမ်းပေးနေသကဲ့သို့ တော်ဝင် ထိုင်း တပ်မတော်မှလည်း အင်အားငါးသောင်း၊ ကားအစီးရေ ၁၀ဝ၀ အဆင်သင့်ထားပြီး ရေဘေးဒုက္ခသည်များကို ကူညီနေ ကြောင်း ရုပ်မြင်သံကြားသတင်းများကို ကိုးကားပြီး အထက်ပါ အမျိုးသမီးက ပြောဆိုသည်။ မဟာချိုင်ကနေ မြန်မာပြည်ပြန် ရင် အလကားပို့ပေးတယ်။ မြန်မာဘက် ကလည်း မြဝတီကနေ ဘားအံအထိပို့ ပေးတယ်ဟု ၄င်းကဆိုသည်။

ထိုင်း နိုင်ငံ ဘန်ကောက်မြို့ရှိ မဟာချိုင်ဒေသ တွင် စက်ရုံ၊ အလုပ်ရုံများ၊ ရေထွက်ကုန် ပစ္စည်းထုပ်ပိုးသည့် အလုပ်ရုံများ၊ စက်မှုဇုန်များရှိကာ မြန်မာရွှေ့ပြောင်း လုပ်သား တစ်သိန်းခွဲခန့်ရှိသည့် ဒေသ ဖြစ်ပြီး ယင်းဒေသအတွင်းသို့ ယခု နိုဝင်ဘာလ ၆ရက်နေ့ခန့်မှ ရေစတင်ဝင် ရောက်လာခြင်း ဖြစ်သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၅၀ခန့် အတွင်း အပြင်းထန်ဆုံးရေကြီးမှုကို နှစ်လ နီးပါးကျော်ခံစားနေရပြီး လူ ၅၀ဝ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ စက်ရုံပေါင်း ၁၀ဝ၀ ကျော်ပိတ်ထားရပြီး ရာဂဏန်းခန့် ရှိသော ကွန်ပျူတာနှင့် အီလက်ထရွန်နစ်စက်ရုံ များလည်း ရပ်ဆိုင်းထားရသည်ဟု ဒေသ တွင်း သတင်းမီဒီယာများတွင် ဖော်ပြပါ ရှိသည်။

Source by : The Voice Journal
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။