Home » » ဆေးပေါင်းခတဲ့ Rock Concert တွင် ပြည်ပမှ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာများ ပါဝင် တင်ဆက်မည်

ဆေးပေါင်းခတဲ့ Rock Concert တွင် ပြည်ပမှ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာများ ပါဝင် တင်ဆက်မည်

Written By မောင်စေတနာ on Wednesday, November 9, 2011 | 1:30:00 PM



တန်ဆောင်မုန်းလပြည့်နေ့ ညနေ ၅နာရီတွင် တင်ဆက်မည့် ဆေး ပေါင်းခတဲ့ Rock Concert ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာများနှင့်အတူ ပြည်ပမှ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာများလည်း ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖျော်ဖြေပွဲကို နိုဝင်ဘာလ၁၀ရက်နေ့၌ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပရန်စီစဉ်ထားပြီး အရှေ့တောင်အာရှနိုင်ငံများတွင် သုံးစွဲမှုနည်းသေးသည့် JBL Vertic Line Array Speaker System ကို အသုံးပြုကာ ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရှိရသည်။

''ဒီနှစ်မှာတော့ လူငယ်တွေလည်းပါဝင်သလို JBL Vertec နဲ့ ဖျော်ဖြေရမှာဖြစ်တဲ့အတွက် ရင်ခုန်မိတယ်။ အဲဒီ System ကိုသုံးစွဲပြီး အိန္ဒိယမှာကျင်းပတဲ့ ဖျော်ဖြေပွဲမှာ တစ်ခါဆိုခဲ့ဖူးကတည်းက မြန်မာနိုင်ငံမှာလည်း ဒါကိုသုံးပြီး ပွဲလုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ JBL ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်နဲ့တွေ့ဆုံပြီး အခုလိုပွဲ စီစဉ်နိုင်ခဲ့တာပါ''ဟု ဇော်ဝင်းထွဋ်က ဆိုပါသည်။

JBL Sound Gallery မှ ကိုဂင်္ဂါ က''အခုပွဲမှာ အသုံးပြုမယ့် အသံပိုင်းဆိုင်ရာပစ္စည်းတွေက နိုင်ငံတကာရှိုးပွဲကြီးတွေမှာ အသုံးပြုနေပေမယ့် မြန်မာနိုင်ငံဆိုရင် ဒါကိုပထမဆုံး သုံးစွဲတာပါ။ စင်ကာပူနိုင်ငံက အသံဖမ်း အင်ဂျင်နီယာတွေ လာရောက်ပြီး မြန်မာနိုင်ငံက အသံပိုင်းအင်ဂျင်နီယာတွေနဲ့ ပူးပေါင်းတင်ဆက်မယ့်ပွဲပါ'' ဟု ဆိုပါသည်။

အဆိုပါဖျော်ဖြေပွဲကို JBL Sound Gallery နှင့် T & G Sound Gallery တို့မှ အဓိကကူညီပံ့ပိုးကာ ဇော်ဝင်းထွဋ်(Emperor)၊ကျားပေါက် (Big Bag) ၊ ကိုင်ဇာတင်မုံ၊ Wanted ၊ Reason ၊ Idiot ၊ အီတိုး ၊ အဒီနိုတို့ကလည်း ပါဝင်သီဆိုကြမည်ဖြစ်ကာ Myanmar Model Management မှလည်း Performance များဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။