Home » » တရုတ်နိုင်ငံမှ ပင့်ဆောင်ပူဇော်သည့် ဗုဒ္ဓမြတ်စွယ်တော် နိုဝင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိ

တရုတ်နိုင်ငံမှ ပင့်ဆောင်ပူဇော်သည့် ဗုဒ္ဓမြတ်စွယ်တော် နိုဝင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိ

Written By မောင်စေတနာ on Wednesday, November 9, 2011 | 10:20:00 AM


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်ပူဇော်သည့် ဗုဒ္ဓမြတ်စွယ်တော် နေပြည်တော်သို့ ရောက်ရှိစဉ်

တရုတ်နိုင်ငံမှ ပင့်ဆောင်ပူဇော်သည့် ဗုဒ္ဓမြတ်စွယ်တော်သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံရှိပြည်သူများ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ခြင်းဖြစ်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော် ဥပ္ပါတသန္တိစေတီလိုဏ်ဂူတော်တွင် ၁၅ ရက်၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်တွင် ၁၅ ရက်၊ မန္တလေးမြို့ မဟာအတုလ ဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ရက် ပူဇော်ခံမည်ဖြစ်ပြီး အပူဇော်ခံကာလ ပြည့်မြောက်သည့်အခါတွင် မန္တလေးမှ ဗုဒ္ဓမြတ်စွယ်တော်၏ မူလကိန်းဝပ်စံပယ်တော်မူရာဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ကွမ်ဂျီးဘုရားကျောင်းသို့ ပြန်လည်ပင့်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်နိုင်ငံအတွက် အလွန်တန်ဖိုးထား အလေးအနက် ထားသည့် အတွက် မြန် မာနိုင်ငံသို့ ပင့်ဆောင်နိုင်ရန်အတွက် လုံခြုံရေးအာမခံချက်ပေးပြီး စာချုပ်ချုပ်ဆို ပင့်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွယ်တော်အား ပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ၁၉၅၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်ကြီးတွင် ရှစ်လကြာ အပူဇော်ခံခဲ့ပြီး၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လိုဏ်ဂူတော်၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ မန္တလေးမြို့များ တွင် ၄၅ ရက် အပူဇော်ခံခဲ့ကာ ၁၉၉၆ -၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အဖြစ် ရက် ၉၀ ကြာ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်သတင်းအဖွဲ့

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။