Home » » ကိုရီးယား၌ အလုပ်လုပ်ကိုင်ရန် မြန်မာအမျိုးသမီးများကို ကမ်းလှမ်းမှုရှိနေ

ကိုရီးယား၌ အလုပ်လုပ်ကိုင်ရန် မြန်မာအမျိုးသမီးများကို ကမ်းလှမ်းမှုရှိနေ

Written By မောင်စေတနာ on Tuesday, November 15, 2011 | 5:30:00 PM



မြန်မာအမျိုးသမီးများအား ကိုရီးယားသမ္မတနိုင်ငံ၌ နှစ်နိုင်ငံအစိုးရခြင်း သဘောတူညီမှုစနစ် EPS (Employment Permit System) ဖြင့် လာရောက် အလုပ်လုပ်ကိုင်ရန် ကိုရီးယားစက်ရုံများမှ ကမ်းလှမ်းမှု ရှိနေပြီး မြန်မာဘက်မှ တောင်းဆို ချက်အချို့ကို လိုက်လျောပါက အမျိုး သမီးများသွားရောက် အလုပ်လုပ်ကိုင် နိုင်ရန် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ စုံစမ်းသိရှိရသည်။

“ကိုရီးယားဘက်က နေပြီး မြန်မာအမျိုးသမီးတွေ သူတို့ဆီက ကုန်ထုတ်လုပ်ငန်းတွေမှာလာရောက် လုပ်ကိုင်ဖို့ကမ်းလှမ်းပါတယ်။ ကျွန်တော်တို့ဘက်ကတော့ တောင်းဆိုထားတာ တစ်ခုပါပဲ။

အမျိုးသမီးတွေ ဟိုမှာ သွားအလုပ်လုပ်မယ်ဆိုရင် အားလုံးကို စက်ရုံတစ်ခုဆိုတစ်ခု၊ နေရာတစ်နေရာဆို တစ်နေရာတည်း မှာပဲ စုခန့်ထားမယ်၊ စုနေခိုင်းမယ်။ အမျိုးသမီးတွေဖြစ်လို့ ဒီလိုမျိုး တစ်စု တဝေးတည်းခန့်ထားမှ အရေး အကြောင်းရှိရင် ပိုအဆင်ပြေနိုင်မှာဖြစ် ပါတယ်။

ဒီအချက်ကိုလည်း ကိုရီးယားနိုင်ငံကို ကျွန်တော်တို့အကြောင်း ပြန်ထားပါတယ်။ အခုတော့ ဟိုဘက်က ဘယ်လိုအခြေအနေမျိုးမှ အကြောင်း ပြန်မလာသေးပါဘူး။ သူတို့ဘက်ကခွင့်ပြုရင်တော့ အမျိုးသမီးတွေကို ကိုရီးယားနိုင်ငံမှာ G to G စနစ်နဲ့သွားရောက် အလုပ်လုပ်ဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာန အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် နှစ်နိုင်ငံ အစိုးရခြင်း သဘောတူညီမှုဖြင့် ကိုရီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်းများ၌ သွားရောက်လုပ်ကိုင်ရန် အမျိုးသားများအား စုစုပေါင်းကုန်ကျစရိတ် ကျပ်ရှစ်သိန်း ၀န်းကျင်ဖြင့် ခွင့်ပြုပေးလျက်ရှိပြီး ကိုရီးယားနိုင်ငံ၌ တစ်ဦးလျှင် လစဉ်ဝင်ငွေ ကျပ်ကိုးသိန်းမှ ၁၆ သိန်းကြား ရရှိကြောင်း သိရသည်။

Source by : http://first-11.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။