Home » » ရေဘေးသင့် မြန်မာ အလုပ်သမားများအား မြန်မာသံရုံးမှ ယာယီပတ်စ်ပို့ အခမဲ့ထုတ်ပေး

ရေဘေးသင့် မြန်မာ အလုပ်သမားများအား မြန်မာသံရုံးမှ ယာယီပတ်စ်ပို့ အခမဲ့ထုတ်ပေး

Written By မောင်စေတနာ on Tuesday, November 15, 2011 | 10:20:00 PM



ထိုင်းနိုင်ငံ ရေဘေး ဒုက္ခကြောင့် ရာ့ခ်ျဘူရီ ကယ်ဆယ်ရေးစခန်းတွင် လာရောက် ခိုလှုံနေသည့် မြန်မာ အလုပ်သမားများအတွက် ယာယီပတ်စ်ပို့ အုပ်ရေ (၂၀၀)ကို ထိုင်းနိုင်ငံ မြန်မာသံရုံးက ယမန်နေ့က အခမဲ့ ထုတ်ပေးခဲ့သည်။

ရာ့ခ်ျဘူရီ ကယ်ဆယ်ရေး စခန်းသည် ယခင် ဖွင့်လှစ်ထားသော ၀တ်ရိတ်ခင် ဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေး စခန်းမှ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လာရောက်ခိုလှုံသူဦးရေ (၅၀၀)ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးက ယခုပြောင်းရွှေ့လာခဲ့သော ကယ်ဆယ်ရေး စခန်းထဲတွင် work permit (အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) ထုတ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရကလည်း ယာယီပတ်စ်ပို့များ အမြန်ဆုံး ထုတ်ပေးနိုင်ရန် စီစဉ်ခဲ့သည်။

ယခုအခါ မြန်မာအစိုးရဘက်က ယာယီပတ်စ်ပို့များကို အမြန်ဆုံး အခမဲ့ ထုတ်ပေးခဲ့သော်လည်း ထိုင်းအစိုးရ ဘက်က work permit ထုတ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း မြန်မာသံမှူး ဦးနိုင်ထွန်းက ပြောသည်။

“အလုပ်သမား ဒုဝန်ကြီးက ကျနော်တို့ကို ပတ်စ်ပို့ထုတ်ပေး၊ သူတို့က work permit ထုတ်ပေးမယ်လို့ ပြောခဲ့တယ်။ တကယ်လည်း ကျနော်တို့က အင်တိုက်အားတိုက် လုပ်ရော သူတို့ဘက်က လုပ်ငန်းစဉ်တွေ များတယ်လို့ ပြောလာတယ်။ ဒါပေမယ့် ဘာပဲပြောပြော မြန်မာ အလုပ်သမားတွေက ယာယီပတ်စ်ပို့တော့ ရသွားတာပေါ့’’ဟု ပြောသည်။

ကျန်ရှိနေသည့် အလုပ်သမားများ အတွက်လည်း လာမည့် အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် လာရောက် ထုတ်ပေးမည်ဖြစ်ကြောင်း သံမှူးက ပြောသည်။



ရေဘေးသင့် အလုပ်သမားများ တစ်နေ့ထက် တစ်နေ့ ပိုမို များပြားလာသဖြင့် မဟာချိုင် ကထုန်ဘန် ကီလို (၁၂)တွင်ရှိသော ၀တ်ခေါင် မေးဒေးယား ဘုန်းတော်ကြီး ကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း တစ်ခုအား မဟာချိုင်တွင် သီတင်းသုံးသည့် ရွှေတွံတေး ဆရာတော် အရှင်ဝါယမနှင့် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (BAT)တို့က ဦးဆောင် ဖွင့်လှစ်ခဲ့ရာ ယနေ့ နေ့လည်ပိုင်းအချိန်ထိ အလုပ်သမား (၃၀၀)ကျော် လာရောက် ခိုလှုံနေပြီး ဖြစ်သည်။ ထပ်မံပြီးလည်း တိုးလာနေသည်ဟု BAT မှ တာဝန်ခံ ဦးကျော်သောင်းက ပြောသည်။

ယခု ယာယီ ကယ်ဆယ်ရေး စခန်းတွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)နှင့် အခြား အန်ဂျီအိုများအပြင် ထိုင်းဆရာဝန်များ အဖွဲ့ကလည်း လာရောက်ကူညီ ပေးလျှက်ရှိသည်။

အကူအညီ လိုအပ်သည့် မြန်မာ အလုပ်သမားများ အနေဖြင့် ဖုန်းနံပါတ် ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၉-၆၈၅-၂၉၆၆၊ ၀၈၄-၆၇၀-၅၇၂၇၊ ၀၈၅-၁၅၈၈-၃၆၇ များသို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။