Home » » ကင်ဆာ နှင့် ဒူးရင်း သြဇာရွက်

ကင်ဆာ နှင့် ဒူးရင်း သြဇာရွက်

Written By မောင်စေတနာ on Wednesday, November 16, 2011 | 1:30:00 PM



ကျွန်မတို့ ရုံးနှစ်ပတ်လည် အစည်းအဝေးအတွက် နိုင်ငံအသီးသီးက တက်ရောက်လာတဲ့ ကိုယ်စား လှယ်တွေ ထဲမှာ တစ်ယောက် ကျွန်မတွေ့တော့ တော်တော် အံ့အားသင့် သွားတယ်။ ဒီနှစ်စမှာပဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပြီး ကျွန်မတို့တတွေ စိတ်မကောင်း ဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျန်းမာ တက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခုရလာတာကို ဝေမျှချင်လို့ပါ။

အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပြီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိစေချင်ဘူး၊ သူများတွေ သူ့ကိုသေလူလို့ ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူးဆိုပြီး ရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီးလည်း ကင်ဆာနဲ့ ဆုံးသွားသလို အမလို ခင်မင်ပြီး ချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လည်း ကင်ဆာနဲ့ ဘဝဆုံး သွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့ မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လို ဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လည်း ကင်ဆာနဲ့ပဲ ဆုံးပါးသွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေးတွေကို ရေနွေးကြမ်းလို လုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင် စမ်းသောက်ကြည့်ပြီး တွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမိုသွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲ ဘာထည့်ထည့် အရသာမရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။

ကင်ဆာရောဂါ ဖြစ်နေသူများ အတွက် သတင်းကောင်းပါ။ အရသာလည်း မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကို ပြုတ်သောက်ရုံနဲ့တင် ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိ ရှေ့မှာတင် ၄ ယောက်လောက် တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဒူးရင်းသြဇာ
ဆေးပညာအကြောင်း အစုံအလင် နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရော အဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာဆဲလ် ချည်းသက်သက်ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြပါတယ်။

ကျွန်မညီမလေး ကျောင်းက ပရော်ဖက်ဆာ ကတော့ လူတိုင်းတော့ ပျောက်နိုင်မှာ မဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံ အမျိုးစားခြင်း မတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံ ချင်းလည်း မတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မ အကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည် ဖြစ်စေ အန္တရာယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်း များမှာလည်း ကင်ဆာရောဂါ ရှိတဲ့သူများရှိရင် ထပ်ဆင့်ဝေငှပေးကြပါနော်။

Source by :http://lannthit2007.blogspot.com/
Share this article :

1 comments:

မဒမ်ကိုး said...

အကိုရေ ခုလိုတင်လိုက်တဲ့အတွက် အရမ်းဝမ်းသာပြီး ကျေးဇူးလဲတင်ပါတယ်. ဒိုးကန်တင်ဖို့လုပ်နေတာကြာပါပြီ ။ နေမကောင်းတော့ တခြားဟာတွေဖက်စိတ်ကရောက်နေတာနဲ့မတင်နိုင်တာ။ ဂူးဂဲမှာကိုတရားဝင်တင်ထားတာပါ ။
ဒိုးကန်ကိုယ်တိုင် မလေးရှားကနေ ဒူးရင်းသြဇာရွက် ရှာပြီး ပြုတ်သောက်နေရပါတယ် ။ အာနိသင်ကိုတော့မသိသေးပေမယ့် သဘာဝအသီးအရွက်တွေရဲ့အစွမ်းကိုယုံကြည်ပါတယ်။ .
ပူတာတော့တော်တော်ပူပြီး အပူတွေကန်ပါတယ် .
ကင်ဆာသမားတွေဒါတွေကို သောက်သုံးကြည့်သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ် .
အင်မတန် အကျိုးရှိစေတဲ့ပိုစ့်မို့လို့ ပါ

ခင်မင်လျှက်

ဒိုးကန်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။