Home » » မြန်မာ ရေဘေး ဒုက္ခသည် အခက်အခဲကို သံရုံးက အကူအညီ မပေး

မြန်မာ ရေဘေး ဒုက္ခသည် အခက်အခဲကို သံရုံးက အကူအညီ မပေး

Written By မောင်စေတနာ on Thursday, November 3, 2011 | 11:30:00 AM



ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဝန်းကျင်တွင် သောင်နေသော မြန်မာ ရေဘေး ဒုက္ခသည် များက ၄င်းတို့၏ နေရပ်ရင်းကို ပြန်ရန် အခက် အခဲ ဖြစ်နေသည့် အတွက် ဘန်ကောက် မြို့ရှိ မြန်မာ သံရုံးကို အကူအညီ တောင်းရာမှာ မရခဲ့ဟု ရေဘေး ဒုက္ခသည် များက ဆိုပါသည်။

အကူအညီပေးနေသည့် အဖွဲ့ များကမူ ၄င်းတို့ လက်လှမ်းမှီသည့် ဘန်ကောက်မြို့ နေရာ၌ပင်လျှင် အခက်အခဲဖြစ်နေကြသည့် ဒုက္ခသည်ပေါင်းသည်၊ (၅၀၀၀)ခန့် ရှိနေမည်ဟု လိုက်လံ အကူအညီပေးနေသည့် ပြည်ပရောက် ကျောင်းသားများ အဖွဲ့ မှ တာဝန်ခံ တဦးက ဆိုပါသည်။ ရေဘေး ဒုက္ခသည် များသည်၊ အစားအစာ ခက်ခဲလာခြင်း၊ သောက်သုံးရေပြသနာနှင့် သွားလာရေးများ ခက်ခဲလာသဖြင့် ကိုယ့်နိုင်ငံကိုပြန်နိုင်ရန် သံရုံးကို အကူအညီတောင်းရခြင်းဖြစ်ပါသည်။ စက်ရုံအလုပ်ရုံများ လနှင့်ချီပြီး ပိတ်လိုက်သည့် အတွက်လည်း၊ ၀င်ငွေ အခက်အခဲဖြစ်လာတဲ့အတွက် အိမ်ပြန်ရန်ဖြစ်လာခဲ့ပါသည်။

“ သံရုံးကို ဖုန်းဆက်တယ်ဗျာ၊ ဖုန်းနံပါတ်က (၀၈၂ ၇၇၉၀၇၇၂) ဗိုလ်မှူးနိုင်ထွန်း၊ သံရုံးရဲ့ တတိယတန်း အရာရှိဖြစ်ပြီး၊ ပြည်ပရောက် အလုပ်သမားရေးရာကို ကိုင်တွယ်သူဖြစ်ပါတယ်။ သူဘာပြောလဲဆိုတော့ မင်းတို့မှာ ပိုက်ဆံ(၃၀၀၀) ရှိလား ၊ ရှိရင်ကိုယ့်ဟာကိုပြန်ပေါ့တဲ့။ သံရုံးကတော့ ဘာမှ မကူညီနိုင်ဘူးလို့ ပြောတယ်ဗျ။ အခုဖြစ်နေတာက တချို့ လူတွေမှာ ပိုက်ဆံတောင် မရှိတော့ဘူးလေ။ ” ဟု အလုပ်သမား တဦးကပြောပါသည်။

ရေဘေး ဒုက္ခသည်များ ပြသနာဖြစ်နေသည်မှာ ကားဂိတ်များ နေရာမမှန်တော့ခြင်းကြောင့် ဘယ်နေရာမှာ စီးရမှန်းမသိ သူတွေ၊ ကားလမ်းကြောင်းများပြောင်းနေခြင်းကြောင့် အရင်တုန်းက သွားတတ်ပေမဲ့ ယခုမူ ဘယ်လမ်းကြောင်းကို သွားရမှန်း မသိသူတွေ၊ တခါထိုင်းရဲ၏ ဖမ်းဆီးနေမှုပြသနာနှင့် မသွားတတ် မလာတတ် သူများအတွက် အကူအညီပေးရန် အတွက် သံ ရုံးအကူအညီကို တောင်းခံနေခြင်းဖြစ်ပါသည်။

ဤကဲ့သို့ သံရုံးက အကူအညီ မပေးသည့် အတွက် အလုပ်သမား လက်မှတ်ရှိသည့် ဒုက္ခသည်များသည်၊ နီးစပ်ရာ ထိုင်းလူဝင် မှုကြီးကြပ်ရေး ရုံးကို သွားပြီးခရီး သွားလက်မှတ် လုပ်ကြပါသည်။ ဤသို့ လုပ်ဆောင်နိုင်ရန်အတွက် ပွဲစားများပေါ်လာပြီး၊ ဘန်ကောက်၊ မဲဆောက်မြို့ ကို (၂၅၀၀) ဘတ်မှ (၃၈၀၀) ဘတ်ထိ။ မဟာချိုင်း၊ မဲဆောက် (၂၂၀၀)မှ (၃၀၀၀)၊ ပေးပြီးပြန် နေကြပါသည်။ နောက်ပိုင်းမှာ သံရုံးမှလည်း ပွဲစားနှင့်ညှိပြီး ဘန်ကောက်၊ မဲဆောက်ကို တဦးလျှင် ဘတ်(၃၀၀၀) တောင်း နေပါသည်။ ပတ်စပို့စ် ရှိသူများကိုမူ ဘတ်(၆၀၀)တောင်းပါသည်။

စာရွက် အထောက်အထား မရှိသူများကိုလည်း ပို့ပေးနေပါသည်။ သို့ သော်ဤလူများသည်၊ မဲဆောက်မြို့ အ၀င်အ၀ိုင်းဂိတ် တွင်အဖမ်းခံရပါမည်၊ ဖမ်းဆီးပြီးပါက မဲဆောက်ချစ်ကြည်ရေး တံတားအနီးမှာ ရှိသည့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရုံးကို ပို့ပါသည်။ ဤနေရာသို့ ရောက်လျှင် လူတဦးကို (၁၈၀၀) ဘတ်တောင်းပြီး ပေးနိုင်သူကိုချက်ချင်းလွှတ်ပါသည်၊ ဤငွေများကို စရိတ် မျိုးစုံအတွက် ရဲက(၈၂၀) ဘတ်ယူပြီး၊ လုံခြုံရေးအဖွဲ့ ကို (၁၀၀မှ၂၀၀) ဘတ်၊ လူပို့ ပွဲစားများက (၈၀၀)ဘတ် ခွဲဝေယူ ပါသည်။ ပွဲစားသည် ခရီးသည်သွားလိုသည့်နေရာကို စီမံခန့်ခွဲပေးရသည့် အတွက် ငွေယူရခြင်းဖြစ်ပါသည်။


ပြေးပြေးလွှားလွှား မြန်မာရေဘေး ဒုက္ခသည်များ (ဓါတ်ပုံ - အင်တာနက်)

“ မြ၀တီရောက်တော့ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီက၊ ရေဘေး ဒုက္ခသည်အတွက် ဆိုပြီး အခမဲ့နေရာ ထိုင်ခင်းပေးပါတယ်။ မဆိုးပါဘူး။ စားစရာလည်းပေးတယ်၊ ဒါပေမဲ့ စတိလောက်ပါဘဲ။ အဆင်ပြေတဲ့ အထိတော့ နေလို့ရပေမဲ့ လူတွေက ကြာကြာတော့ မနေကြပါဘူး။” ဟု တည်ခိုခဲ့ဘူးသည့် ဒုက္ခသည် တဦးကပြောပါသည်။

မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးမှာတော့ ထိုင်းနိုင်ငံမှာ ရေဘေးဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားကို အကူအညီပေး မယ်ဆိုပြီး၊ ဂျပန်နိုင်ငံခရီးစဉ်တခုမှာ ပြောကြားခဲ့ပါသည်။ သို့ သော်လည်း ဘန်ကောက်မြန်မာသံရုံးသည်၊ လက်တွေ့ ၌ အကူအညီမပေးနိုင်သည့်အပြင် အကူအညီလာတောင်းသူများထဲမှ ပိုက်ဆံရှိသူများကို ပွဲစားများနှင့်ညှိနှိုင်းပြီး ကော်မီရှင် စားနှုန်းထားဖြင့် အကူအညီပေးနေကြပါသည်။ ငွေကြေးအခက်အခဲရှိသူများ၊ စားရေးသောက်ရေးနှင့် သွားလာရေးခက်ခဲ မှုရှိသူများကိုကူညီပေးလိုပါက ကိုမြင့်သူ (၀၈၇ ၆၇၁၄ ၂၂၄)ကို ဆက်သွယ်ကြပါရန် နှိုးဆော်အပ်ပါသည်။

Source by :http://www.phophtaw.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။