Home » » စင်ကာပူ လေကြောင်းလိုင်းက ခရီးဝေးပြေးဆွဲမည့် စရိတ်နည်းလေကြောင်းလိုင်း ထူထောင်

စင်ကာပူ လေကြောင်းလိုင်းက ခရီးဝေးပြေးဆွဲမည့် စရိတ်နည်းလေကြောင်းလိုင်း ထူထောင်

Written By မောင်စေတနာ on Thursday, November 3, 2011 | 4:30:00 AM



စင်ကာပူလေကြောင်းလိုင်း Singapore Airlines သည် ခရီးလတ်နှင့် ခရီးဝေးပြေးမည့် စရိတ်နည်း လေကြောင်းလိုင်းသစ် စတင်ဖွင့်လှစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ''Scoot'' ဟုခေါ်သည့် လေကြောင်းလိုင်းသစ်သည် ဘိုးရင်း B 777-200 လေယာဉ်လေး စင်းဖြင့် ၂၀၁၂ ခုနှစ် နှစ်လယ်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Scoot လေကြောင်းလိုင်းသစ်ကို စင်ကာပူလေကြောင်းလိုင်း SIA က ပိုင်ဆိုင်ပြီး သြစတြေးလျနှင့် တရုတ်အပါအ၀င် အိန္ဒိယ၊ ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းခရီးစဉ်များ ပြေးဆွဲမည်ဖြစ်သည်။ SIA က ပိုင်ဆိုင်သော်လည်း စီမံခန့်ခွဲမှုကို သီးခြားစီဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် လေယာဉ် ၁၄ စင်းထိ ရှိလာမည်ဟု မျှော်လင့်ထားသည်။

အာရှစရိတ်နည်း လေကြောင်းလိုင်းအများစုသည် ခရီးတိုခရီးစဉ် များပြေးဆွဲနေကြချိန်တွင် SIA က ခရီးဝေးခရီးစဉ်များအား စရိတ်ချိုသာစွာဖြင့် သွားလာလိုမှု ဈေးကွက်ကြီးမားလာခြင်းကို အမိအရဆုပ်ကိုင်ရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ Scoot သည် မလေးရှားစရိတ်နည်း လေကြောင်း AirAsia နှင့် ဗြိတိန်လုပ်ငန်းရှင် ရစ်ချက်ဘရန်ဆင် ၏ Virgin Group တို့ ပူးပေါင်း တည်ထောင်ထားသော ခရီးဝေးပြေးမည့် စရိတ်နည်းလေကြောင်း AirAsia X နှင့် တိုက်ရိုက် ယှဉ်ပြိုင်ရဖွယ်ရှိသည်။

AirAsia X သည် လန်ဒန်၊ တိုင်ပေ၊ တီဟီရန်၊ ပါရီ၊ ဆိုးလ်၊ တိုကျိုနှင့် တရုတ်၊ အိန္ဒိယတို့ရှိ မြို့များအပါအ၀င် နေရာအမြောက်အမြားကို ပြေးဆွဲသွားမည်ဖြစ်သည်။

SIA သည် အာရှရှိ ထင်ရှားသည့် ကမ္ဘာလှည့်ခရီးသွားနေရာများကို ပြေးဆွဲနေသည့် ပုံမှန်လေကြောင်းလိုင်း SilkAir ရှိထားပြီးဖြစ်ကာ စရိတ်နည်းလေကြောင်း Tiger Airways တွင်လည်း ရှယ်ယာ ထည့်ဝင်ထားသည်။ SIA သည် ၂၀၁၁ ခုနှစ် မတ်လထိ ဘဏ္ဍာရေးနှစ်တွင် ၀င်ငွေ စင်ကာပူဒေါ်လာ ၁၄ ဒသမ ၅ ဘီ လျံရရှိခဲ့ပြီး အမြတ်ဒေါ်လာ ၈၆၆ သန်း ရရှိထားခဲ့သည်။

Source by :http://first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။