Home » » ဗလန်စီယာ တိုက်စစ်မှူး ဆိုဒါဒိုအား စောင့်ကြည့်နေတဲ့ လီဗာပူးလ်

ဗလန်စီယာ တိုက်စစ်မှူး ဆိုဒါဒိုအား စောင့်ကြည့်နေတဲ့ လီဗာပူးလ်

Written By မောင်စေတနာ on Wednesday, November 30, 2011 | 2:30:00 PM



လီဗာပူးလ် အသင်းသည် ဗလန်စီယာတိုက်စစ်မှူး ရော်ဘတ်တို ဆိုဒါဒိုအား ဇန္န၀ါရီဈေးကွက်ဖွင့်ချိန်တွင် ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။

ဆိုဒါဒိုသည် ဗလန်စီယာအသင်း၏ နောက်ဆုံး ၂ပွဲတွင် (၅)ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပြီး သူ၏ အဖိုးတန်မှုအား လီဗာပူးလ် နည်းပြ ကန်နီဒဲလ်ဂလစ်ခ်ျအား သတိပြုမိစေခဲ့ကြောင်း Cadena Ser သတင်းဌာနက ပြောကြားသွားခဲ့သည်။

အဆိုပါ စပိန်လက်ရွေးစင်အား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားမှု ရှိနေပြီး အဆိုပါ ကစားသမား၏ အခြေအနေနှင့် ပက်သက်ပြီး ဗလန်စီယာအသင်းသို့ မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဗလန်စီယာအသင်းအတွက်မူ ပြီးခဲ့သည့် ၁၈ လအတွင်း ဒေးဗစ်ဗီလာ၊ ဒေးဗစ်ဆေးလ်ဗားနှင့် မာတာတို့ ကဲ့သို့ ကစားသမားများအား ဆုံးရှုံးခဲ့ပြီး ဖြစ်သောကြောင့် သူတို့၏ အဓိက ကြယ်ပွင့်အား ထပ်မံဆုံးရှုံးရမည်ကို ၀န်လေးနေလိမ့်မည် ဖြစ်သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။