Home » » ဘန်ကောက်ရေကြီးမှုနှင့် ပါတ်သက်ပြီး မြို့ တော်ဝန်၏ အစီရင်ခံချက်

ဘန်ကောက်ရေကြီးမှုနှင့် ပါတ်သက်ပြီး မြို့ တော်ဝန်၏ အစီရင်ခံချက်

Written By မောင်စေတနာ on Wednesday, November 16, 2011 | 10:20:00 PM

ဘန်ကောက်မြို့၏ ရေကြီးနေမှုနှင့် ပါတ်သက်ပြီး မြို့တော် အုပ်ချုပ်ရေး အဖွဲ့ က ရေကြီးနေမှု အခြေအနေကို နိုဝင်ဘာ (၁၃) ရက်နေ့၌ ထုတ်ပြန် ခဲ့ပါသည်။ မြို့တော် အုပ်ချုပ်ရေးမှူး ဆူခွမ်ဖန်က ဘန်ကောက်မြို့ ရှိ ရပ်ကွက် ၂၂ ခုမှာ နောက်ထပ် ရေလွှမ်းမည့် အန္တရာယ် ရှိနိုင်သည့် အတွက် စောင့်ကြည့်ရမည့် နေရာများအဖြစ် ထုတ်ပြန်ကြေညာ လိုက်ခဲ့ပါသည်။ အကယ်၍ ရေစီးလာနေမှုများ မရှိတော့ရင် ၂ ပတ်အတွင်း၌ အခြေအနေများ တိုးတက်လာမည်ဟု ဆိုပါသည်။

၎င်းအပြင် လက်ရှိအရေးပေါ် စီစဉ်ထားသော ရေတား သဲအိတ်အကြီးများနှင့် စီမံထားသည့် တံတိုင်းများက ရေစီးတာကို တားထားနေသည်ဖြစ်သည့်အတွက် ဤရေတားတံတိုင်းများကို မဖျက်ဆီးကြရန် မြို့ တော် အုပ်ချုပ်ရေးမှူးက ပန်ကြားထားပါသည်။

လောလောဆယ်တွင် အမှိုက်ပုံများကြောင့် ညစ်ညမ်းနေသည့် ရေထဲကို ဆေးရည်များ လိုက်လံ ပက်ဖြန်း သွားမည်ဖြစ်ပါသည်။ သို့သော် လက်ရှိ၌ အမှိုက်များကို မော်တော်ဘုတ်နှင့် လိုက်လံ သိမ်းဆည်းနေရသဖြင့် လုပ်ငန်းများ နှေးကွေးနှေးမှု ဖြစ်နေရပါသည်။ မြို့ တော်တွင်းက အမှိုက် ၄၇% မျှ ဖြစ်သည့် တန်ချိန် ၉၀၀ ခန့်ကို သိမ်းဆည်းရန်လည်း မြို့ တော်အုပ် ချုပ်ရေးအဖွဲ့မှ စီမံ လုပ်ကိုင်နေရသည့် အပြင် ရေဘေး ကယ်ဆယ်ရေး စခန်းရှိ လူများကိုလည်း ရေကျသွားခဲ့သည့် သူတို့နေအိမ်ဆီ ပြန်ရွှေ့ရမည့် စီမံကိန်းကိုလည်း မြို့ တော် အုပ်ချုပ်ရေး အဖွဲ့က ပြင်ဆင်နေရကြောင်း ဘန်ကောက် မြို့တော်အုပ် ချုပ်ရေးမှူး ဆူခွမ်ဖန်က ထုတ်ပြန်ထားပါသည်။

(ဓါတ်ပုံ - အင်တာနက်)

ဘန်ကောက်မြို့ ရေကြီးခဲ့မှုသည်၊ ထိုင်းနိုင်ငံမြောက်ပိုင်းဖက်မှ ရေဒလဟော စီးဆင်းလာမှုကြောင့် ရေလွှမ်းခံရသည့် ဧရိ ယာထဲမှာ ဘန်ကောက်တွင် ၁၂ ခရိုင်ရှိပြီး ရေဘေးဒဏ် ခံရတဲ့ သူပေါင်း ၄၉၄,၈၉၃ ဦး ရှိပါသည်။ ဤအထဲ၌ ဆိုင်မိုင်ခရိုင်သည် ရေဘေးဒဏ် အခံရဆုံးဖြစ်ပြီး ရေဘေးဒဏ် ခံရသူမှာ လူဦးရေ ၈၇,၂၂၉ ဦး ရှိပါသည်။ ဒွန်မောန် ခရိုင်တွင် ၈၆,၅၆၁ ယောက်၊ ဖာဆီး ချာရွန်းခရိုင်မှာ ၅၁,၉၂၀ ယောက်၊ လက်ဆီ ခရိုင်မှာ ၅၁,၂၂၆ ယောက်၊ ဘန့်ဖလဒ်ခရိုင်မှာ ၅၁,၀၅၅ ဦး၊ ဘန့်ခယ်ခရိုင်တွင်၊ ၃၆,၂၅၀ ဦးနှင့် နွန်ခဲမ်ခရိုင်တွင် ၃၅,၈၅၂ ဦးရှိကြောင်း ဘန်ကောက်မြို့ တော် အုပ်ချုပ်ရေး အဖွဲ့က အစီရင် ခံထားပါသည်။ ဆုဝဏဖူးမ် နိုင်ငံတကာလေဆိပ်မှာ ရေဘေးဒဏ်ကို ရာနှုန်းပြည့် ကာကွယ် ထားနိုင်သည်ဟု ထိုင်း နိုင်ငံ၊ လေဆိပ်များဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ ဆူမက်ဖိုမာနီး က ထုတ်ဖော်ပြောဆိုထားပါသည်။

Source by : http://www.phophtaw.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။