Home » » ရခိုင် အမျိုးသမီး ၄ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

ရခိုင် အမျိုးသမီး ၄ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

Written By မောင်စေတနာ on Sunday, October 30, 2011 | 2:30:00 PM



ထိုင်းနိုင်ငံ အတွင်းသို့ ပွဲစားမှ တဆင့် အလုပ် လုပ်ရန် ၀င်ရောက်သူ ရခိုင်အမျိုးသမီး (၄) ဦးကို အောက်တိုဘာလ ၂၅ ရက်နေ့က ထိုင်းရဲက ဖမ်းဆီးခံလိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ အမျိုးသမီးများမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာမှ မကြီး၊ မတင်အေး၊ စန်းစန်းနှင့် မသိန်းရီတို့ဖြစ်ကြသည်။

သူတို့ ၄ ဦးသည် အောက်တိုဘာလ ၂၅ ရက်နေ့က မဲဆောက်မြို့ (SR) စက်ရုံတွင် အလုပ် အဆင်မပြေသဖြင့် ပွဲစားမှတဆင့် ထိုင်းနိုင်ငံတွင်းသို့ ၀င်ရောက် လာရာ ထိုင်းနိုင်ငံ မဟာချိုင် အရောက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

မသိန်းရီက သူမတို့ ဖမ်းဆီးခံရပုံကို ယခုကဲ့သို့ ပြော သည်။

အကျွန်တို့ မဲဆောက် (SR) စက်ရုံမှာ အလုပ်လုပ်ကြပါတယ်။ ပွဲစား မသန်းတင်က ပုဇွန်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ပြောတဲ့ အတွက် မသန်းတင်ကို ကယ်ရီခ တယောက် ၅၀၀ စီ ပေးခဲ့ရပါတယ်။ မသန်းတင်က တဆင့် ပွဲစား မောင်ထွီးဆိုသူ ရခိုင်သားလက်ကို အပ်ပါတယ်။

မောင်ထွီးက မာမီ ဂိတ်ကို ပို့ပါတယ်။ အဲဒီက နေပြီးတော့ ကားနဲ့ ညဥ့် ထွက်လာပါတယ်။ လမ်းမှာ မျှော့လူမျိုး နှစ်ယောက်က မျှော့ရွာ အရောက်ထိ လိုက်ပို့ပေးပါတယ်။ အဲဒီမှာ ၂ ည အိပ်ခဲ့ရပါတယ်။ မောင်ထွီး ကနေ မောင်မောင်ညွန့်(ရခိုင်) ဆိုသူရဲ့ လက်ကို အပ်ပါတယ်။ ဒါပေမယ့် မောင်မောင်ညွန့်က တာဝန်မယူတဲ့ အတွက် နောက်ပိုင်းမှာ အဖမ်းခံရတာ ဖြစ်ပါတယ် ဟု သူမက ပြောသည်။

ကျွန်မတို့က ကားပေါ်ကိုတက်တဲ့ခါ ဘယ်ကိုသွားမှာလဲလို့ ကားသမားက မေးပါတယ်။ ကျွန်မတို့ကိုခေါ် တာ မောင်မောင်ညွန့်လို့ပြောလိုက်ပါတယ်၊ ကားသမားက မောင်မောင်ညွန့်ကို ဖုန်းဆက်ပြီးတော့ ကျွန်မနဲ့ တိုက်ရိုက် ဖုန်းပြောခိုင်းပါတယ်။

မောင်မောင်ညွန့်က သူခေါ်တာက မွန်အမျိုးသမီး ငါးယောက်ကို ခေါ်တာ၊ ရခိုင်သမတွေ ကို ငါမခေါ်ဘူး၊ သူ့မှာ ခင်ဗျားတို့ကို ပေးစရာ အလုပ်လည်း မရှိဘူးလို့ပြောပါတယ်။ ကျွန်မက ဦးလေးလည်း ရခိုင်သား၊ ကျွန်မတို့လည်း ရခိုင်သူမတွေပါ၊ ဦးလေးနဲ့မဆိုင်ဆိုရင်လည်း ကျွန်မတို့ကိုကူညီပါ လို့ပြော ပါတယ်။ အစီအစဉ်ချပေးမယ်ဆိုပြီးတော့ ဖုန်းချသွားခဲ့ပါတယ်။

မဟာချိုင် အရောက်တွင် မောင်မောင်ညွန့်ကို ဖုန်းဆက်ခေါ်ယူသော်လည်း မရောက်လာသဖြင့် ကားသမားမှာ ရခိုင်ရုံး တရုံးရှေ့တွင် သူမတို့အား ချထားပေးခဲ့သည်ဟု သူမက ပြောသည်။

မဟာချိုင်ကို ရောက်တဲ့ခါ ရခိုင်ရုံး တစ်ရုံးရှေ့ မှာ ချပစ်ခဲ့ပါတယ်။ ကျွန်မတို့ကလည်း အဲဒီ ရုံးထဲကို ၀င်ပြီးတော့ အကူအညီ တောင်းပါတယ်၊ အဲဒီ ရုံးကလည်း ကူညီပေးမယ်လို့ ပြောပါတယ်။ မောင်မောင်ညွန့် ဆီကို လည်း ဖုန်းဆက်ပြီးပြောပါတယ်။ အဲဒီအချိန်မှာဘဲ ရဲက ၀င်လာပြီးတော့ ရုံးက အစ်ကိုတွေနဲ့ အတူ ကျွန်မတို့ကိုပါ ဖမ်းလိုက်ပါတယ်။

အဆိုပါ ရခိုင်အမျိုးသမီး လေးယောက်နဲ့အတူ ဖမ်းဆီးခံနေရသူမှာ မဟာချိုင်တွင်ရှိသော ရခိုင်သားများ အရေး ကို လိုက်လံ ကူညီဆောင်ရွက်ပေးနေသူ ခိုင်ကျော်ကျော်ဆိုသူ ဖြစ်ပြီး ယခုအခါ တရားမ၀င် လူ လက်ခံမှုဖြင့် တရားစွဲချက် တင်ခံထားရကြောင်း ရခိုင်အမျိုးသားတဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် လိုက်လံဆောင်ရွက်ပေးနေသော ကိုအောင်က ယခု ကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

သူတို့ လွတ်မြောက်ဖို့ အခြေအနေက မလွယ်သေးဘူး။ ငွေရှိရင် သူတို့ကို ရွေးထုတ်လို့ရပါတယ်။ ဒါပေမယ့် ငွေမရှိဖြစ်နေပါတယ်။ သူတို့လွတ်မြောက်ဖို့အတွက်က တယောက်ကို ဘတ်ငွေ (၈၀၀၀) နီးပါးစီ လိုပါတယ်။ ဒါကြောင့် သူတို့ကို ကူညီပေးတဲ့ အခန်းပိုင်ရှင် ပထမဆုံး ပြန်လည်လွတ်မြောက် လာဖို့အတွက် ရှေ့နေငှားပြီး လုပ်နေကြပါတယ်။

ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မောင်မောင်ညွန့်နှင့် မောင်ထွီးကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရ ဖြစ်နေပါသည်။

Source by : နိရဉ္စရာ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။