Home » » ကျူရှင် မယူသူ အဝေးသင်များ တက္ကသိုလ်စာမေးပွဲ အောင်ရန် ခက်ခဲ

ကျူရှင် မယူသူ အဝေးသင်များ တက္ကသိုလ်စာမေးပွဲ အောင်ရန် ခက်ခဲ

Written By မောင်စေတနာ on Sunday, October 30, 2011 | 10:20:00 AM



ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ) တွင်အောက် တိုဘာလ ၂၇ရက်နေ့၌ စာမေးပွဲ ဖြေဆိုမည့် အဝေးသင် ကျောင်းသားများမှာ ဆရာများထံမှ ကျူရှင်မယူနိုင်ပါက စာမေးပွဲအောင်ရန် အခက် အခဲရှိသည်ဟု ကျောင်းသူ ကျောင်းသားများက ပြောဆိုနေကြ သည်။

ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ ကျောင်းသားတစ်ဦးက “အဝေးသင်တက်ရင် ကျူရှင်ယူရတယ်။ ယူတဲ့သူတွေကို ခုံနံပါတ်ပါ တောင်းတယ်။ ကျူရှင်တက်တဲ့သူတွေကို စာစစ်ရင် သေချာဂရုစိုက်ပေးတယ်။ အားလုံးအောင် အောင်ပေါ့။ တနှစ်လုံး ကျောင်း ကလည်း ၁၀ရက်ပဲ တက်ရတော့ ဘာမှန်းမသိပါဘူး။”ဟု ကေအိုင်စီကို ပြောသည်။

အချိန် ၇ရက်သာ ဖြေဆိုရသည့် ၎င်းအဝေးသင် စာမေးပွဲအတွက် ကျူရှင်များကို ပါမောက္ခများကိုယ်တိုင် သင်ကြားပေးနေပြီး ကျူရှင်မယူသည့် အဝေးသင် တက္ကသိုလ်ကျောင်းသူကျောင်းသားများကိုကောင်းကောင်း မွန်မွန် စာသင်ကြားပေးခြင်း မရှိသ ဖြင့် အဝေးသင်တက္ကသိုလ်လည်း မရှိသင့်တော့ကြောင်း အဆိုပါအင်္ဂလိပ် စာမေဂျာ ကျောင်းသားက ပြောသည်။

တက္ကသိုလ်များတွင်သာမက ပြင်ပသင်တန်းကျောင်းများ၌ တက်ရောက်သူများမှာလည်း သင်တန်းပြီးပါက ကျူရှင်တက်နေရ သေးကြောင်းနှင့် ကျူရှင်တက်ပါက စာစဉ်(Assignment)ပေးပြီး ထိုစာစဉ်မှတဆင့် ဂုဏ်ထူးထွက်နိုင်ရေး လုပ်ဆောင်ပေး ကြောင်းကိုလည်း ကွန်ပြူတာသင်တန်းကျောင်း (KMD) မှ သင်တန်း သားတစ်ဦးက ပြောသည်။

ကျူရှင်ယူခြင်း မယူခြင်းကိစ္စနှင့် ပတ်သက်၍ ကျူရှင်သင်ကြားပို့ချနေသည့် ဆရာမတစ်ဦးထံသို့ ကေအိုင်စီမှ ဆက်သွယ်မေး မြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ မောက္ခပညာရေးမဂ္ဂဇင်းမှ အယ်ဒီတာ ဆရာဦးသိန်းနိုင်က မြန်မာပြည် ပညာရေး ၏ အဂတိ လိုက်စားမှုများမှာ မျိုးဆက်များဆီ လက်ဆင့်ကမ်းလာသည့်အတွက်အရည်အသွေးများ စွာ ကျဆင်းလာကြောင်း ယခုလို ဝေ ဖန်ပြောဆိုလိုက်သည်။

“လက်ရှိ မြန်မာ့ပညာရေးဟာ ပညာရဖို့ တော်တော်ခက်တဲ့ အခြေအနေပါ။ အာဏာပိုင်နဲ့ ဆရာ ဆရာမတွေ ကိုယ်တိုင်က ဖြစ် နေတော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီစနစ်ဆိုးကြီးကို တိုက်ထုတ်ဖို့လိုပါတယ်။တက္ကသိုလ် ကျောင်းတွေတင်မက ပြင်ပမှာ လည်း အခကြေးငွေ ပေးနေရတယ်ဆိုတာ မလိုလားအပ်တဲ့ အဂတိအမွေပါ။ ကုရခက်ပါတယ်။ ကြိုးကြိုးစားစားနဲ့ ပညာရှာလို တဲ့စိတ်ကို ဖျက်ဆီးနေတယ်။”ဟု ပြောသည်။

၎င်းအပြင် ဂျပန်နိုင်ငံ Kyoto Notredame Woman University တွင် Social Welfare ဘာသာရပ် သင်ယူ နေသူ မြန်မာ ကျောင်းသူတစ်ဦးကလည်း “ကျမဆိုရင် မြန်မာပြည်မှာ သင်္ချာနဲ့ ကျောင်းပြီးခဲ့တာပါ။ ကျမတို့ တုန်းကလည်း ကျူရှင်ယူခဲ့ရ တယ်။ ငွေသာကုန်ပြီး ဒီပညာနဲ့ ဘာမှအသုံးမချရပါဘူး။ အမြင်ပြောရရင်မြန်မာ ပြည် ပညာရေးကတော့ တက္ကသိုလ် မဟုတ် ဘူး။ မူကြိုကနေ စပြင်ရမှာပါ။”ဟု ပြောသည်။

ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့နယ်တွင် တည်ရှိသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကို ၁၉၉၀ခုနှစ်က စတင် ဖွင့်လှစ် တည်ထောင်ခဲ့ပြီး ၂၀၀၆ခုနှစ်စာရင်းအရ ကျောင်းသားကျောင်းသူပေါင်း ၁၁,၀၀၀ဦးတက်ေ ရာက်ပညာသင်ကြားနေသည်။

ထို့အပြင် ပြီးခဲ့သည့် ၁၈၇၈ခုနှစ်က စတင် တည်ထောင်ခဲ့သည့် ရန်ကုန် ပင်မတက္ကသိုလ်သည် တချိန်က အရှေ့တောင်အာရှ တွင် နံပါတ်(၁) ထိပ်တန်းစာရင်းဝင် ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဘမော်၊ ဦးကျော်ငြိမ်း၊ ဦးဘရွှေ၊ ဦးသန့်နှင့် ဦးသိန်း ဖေမြင့်တို့အား မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ် ဖြစ်သည်။

Source by : ကေအိုင်စီ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။