Home » » ဘာစီလိုနာကို အနိုင်ယူရန် အချိန်ကောင်း ရောက်လာပြီဟု ပြောကြားလိုက်သည့် ရာမိုစ့်

ဘာစီလိုနာကို အနိုင်ယူရန် အချိန်ကောင်း ရောက်လာပြီဟု ပြောကြားလိုက်သည့် ရာမိုစ့်

Written By မောင်စေတနာ on Sunday, October 30, 2011 | 6:30:00 PM


ဘာစီလိုနာကို အနိုင်ယူရန် အချိန်ကောင်း ရောက်လာပြီဟု ပြောကြားလိုက်သည့် ရာမို့စ်

ရီးရဲလ်မက်ဒရစ်နှင့် စပိန်နောက်ခံလူ ရာမို့စ်က မဟာပြိုင်ဘက် ဘာစီလိုနာအား အနိုင်ယူရန် အချိန်ကောင်း ရောက်လာပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ရီးရဲလ်မက်ဒရစ်သည် ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး(၅)ပွဲတွင် (၁၉)ဂိုးအထိ သွင်းယူထားနိုင်သော အသင်းဖြစ်ပြီး၊ အကောင်းဆုံး ပုံစံတွင်ရှိနေသည်။

ရာမို့စ်က -
"ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြလို့၊ အသင်းဟာ အကောင်းဆုံး ပုံစံနဲ့ လမ်းကြောင်းမှန်ကို ရောက်နေတယ်၊ ဘာစီလိုနာကို ရင်ဆိုင်ဖို့ အချိန်ကောင်းပါဘဲ၊ ကျွန်တော်တို့ ကစားသမားတွေ အားလုံးကလဲ အကောင်းဆုံး ပုံစံရဖို့ ကြိုးစား နေကြသလို၊ နည်းပြကလဲ ကျွန်တော်တို့ဆီက အကောင်းဆုံးတွေကို ထုတ်ယူအသုံးချနေတယ်" ဟု ပြောကြား သွားခဲ့သည်။

ဆက်လက်ပြီး ရာမို့စ်က -
"ကြည့်လိုက်ပါ ခင်ဗျားတို့ ကျွန်တော်တို့ အသင်းသားတွေ အရမ်းပျော်ရွှင် တက်ကြွနေတာကို မြင်ရပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီပုံစံကို ဆက်ထိန်းနိုင်ဖို့ လိုအပ်တယ်" ဟုပြောကြားသွားခဲ့သည်။

ရာမို့စ်က လက်ရှိအသင်း၏ အနေထားသည် ဘာစီလိုနာကို ရင်ဆိုင်ရန် အကောင်းဆုံးအနေထား ဖြစ်သလို၊ ယခုတွေ့ ယခုအနိုင်ယူနိုင်စွမ်းရှိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။