Home » » ဝေဖန် ခံနေရသော မလေးရှား နိုင်ငံခြား အလုပ်သမား ပေါ်လစီ နှင့် ဗဟိုချုပ်ကိုင်မှု

ဝေဖန် ခံနေရသော မလေးရှား နိုင်ငံခြား အလုပ်သမား ပေါ်လစီ နှင့် ဗဟိုချုပ်ကိုင်မှု

Written By မောင်စေတနာ on Wednesday, October 26, 2011 | 4:30:00 PM



၂၀၂၀ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် ရည်မှန်း နေသောမလေးရှား အတွက် ဈေးချိုသာသော ပြည်ပ အလုပ်သမား များဖြင့် သူ၏ စီးပွားရေး ဖွံ့ဖြိုးမှု တနည်း GDP မြင့်မားရန် မူဝါဒ ချမှတ်သူများက ဦးစား ပေးခဲ့သည်။ ထို့ကြောင့် လုပ်သား အင်းအား အများအပြား အသုံးပြုရ သော စက်မှု လုပ်ငန်းများ ၊ စိုက်ပျိုး ရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ပြည်ပ မှ လုပ်သား အများအပြား ၀င်ရောက် လာခဲ့ သည်။

မူဝါဒ ချမှတ်သူတို့ ၏ ချမှတ်သော ပေါလစီကို အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင် ခဲ့ သော် လည်း မလေးရှား လုပ်သား အင်အားစု အတွက်မူ အိမ်မက်ဆိုး များ ဖြစ်လာ ခဲ့ရ သည်။ ဈေး ပေါ သော လုပ်ခ အားသာချက် ရှိသူ ပြည်ပ အလုပ်သမားများကို လူမှုစရိတ်ကြီးမြင့် သော အိမ်ရှင် အလုပ် သမားတို့ မည်သို့မျှ မယှဉ်နိုင်ပဲ ဖြစ်ခဲ့ရသည်။ ရလာဒ်အားဖြင့် မလေးရှား ရှိ အလုပ် သမား ၁၀ဦး အနက် ၄ဦးမှာ အရည်အသွေး နိမ့် နိုင်ငံခြား အလုပ်သမား များ ဖြစ်နေကြ သည်။ IOM ၏ ၂၀၀၈ခုနှစ် ထုတ်ပြန်ချက် အရ မလေးရှား နိုင်ငံတွင် မှတ်ပုံတင် ထား သော နိုင်ငံခြား သား အလုပ် သမား ၂.၂ သန်း ( လူဦးရေ ၏ ၁၀% နီးပါး) နေထိုင် လုပ်ကိုင် နေကြပြီးဖြစ်သည်။

မလေးရှား အစိုးရ ချမှတ် သော ပေါ်လစီများမှာ စီးပွားရေးကော်ပိုရေးရှင်ကြီးများ၊ နိုင်ငံခြား အလုပ် သမား များအတွက် အခွင့်အလမ်း များဖြစ်ပေါ်ခဲ့သည်။ ဤသို့သောအခြေအနေများကို လေ့လာ သုတေသန ပြု နေသည့် လွတ်လပ်သော ဘဏ္ဍာရေး သုတေသန အဖွဲ့ Refsa က မလေးရှား အစိုးရ အနေဖြင့် လာမည့် ၂၀၁၂ ဘတ်ဂျက် တွင် စီးပွားရေ ကော်ပို ရေး ရှင်းကြီးများသို့အထောက်အပံ့ပေးခြင်း များ အထူးသဖြင့် ဈေး သက်သာ သောနိုင်ငံခြား အလုပ်သမားများ တင်သွင်းခြင်း ကို ဖယ်ရှား ရန် မလေးရှား အစိုးရသို့ တိုက်တွန်း ခဲ့ သည်။

လစာတိုးမြင့်သတ်မှတ်ပေးရန်၊ လူမှု စရိတ် လျှော့ချ ပေးရန် ၊ အလုပ်သမား အရည် အသွေး မြင့်မား စေရန် နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချပြိး ပြည်နယ် အစိုးရများသို့ လုပ်ပိုင် ခွင့်ပိုမိုပေး အပ်ရန် စသည့် အချက်များကို အလေးထား Refsa က အလေး ထား ထောက်ပြခဲ့ သည်။

Refsa ဒါရိုက်တာ The Chi – Change က ပြည်တွင်း အလုပ်သမား များက ၄င်းတို့၏ ကောင်း မွန် သော အလုပ်အကိုင်များ၊ အိမ်ယာ၊ လူနေမှု အဆင့် တို့ကို စွန့်လွတ် စတေး ခံနေရပြီး အခြား တစ်ဖတ် ၌ ဈေးပေါသော အလုပ်သမား များတင်သွင်းကာ အချီကြီး အမြတ် ထွက် နေကြောင်း ထောက်ပြ ထားသည်။ ဤအချက်က ပြည်တွင်း အလုပ်သမား များ အရည်အသွေး မြင့်မားရေး တွင် မလေးရှား အစိုးရမှ ရင်းနှီးမြုပ်နှံမှု နည်းပါးနေသည် ကို ပြသနေကြောင်း ၄င်းက ဆိုသည်။

ပြည်တွင်း အလုပ်သမား များ လုပ်ငန်းခွင် ကျွမ်းကျင်မှု ၊ စွန့်ဦးတီထွင်နိုင်စွမ်း နှင့် အရည် အသွေး မြင့်မားစေရန် မလေးရှား အာဏာပိုင်များကို တောင်းဆိုလာကြသည်။ လက်တလော ကာလတွင် လူနေမှု စရိတ်များမြင့်တက်လာနေ၍ ထွက်ငွေ နှင့် ကာမိစေ ရန် လုပ်ခလစာ မြင့်မားလာစေ ရန် စီမံစေလိုကြသည်။ လုပ်အားခ များတိုးမြင့်ပေးလာပါက အလုပ်သမား ထု ၀င်ငွေ ကောင်းလာသလို ပြည်တွင်း စားသုံးမှု တန်ဖိုးမြင့် တက်လာနိုင်စရာ ရှိသည်။

ထို့အတူ လုပ်ငန်ရှင် များ ၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှု လုပ်ငန်း လည်း များ တိုးတက် လာမည်ဖြစ်သည်။ “ ကျွန်တော်တို့ ပြည်တွင်း စားသုံးမြင့် မားလာတာနဲ့ အတူ မလေးရှား စီးပွားရေး လည်း ဖွံ့ဖြိုးလာမယ်”ဟု The Chi-Change က သုံးသပ် ထား သည်။

မလေးရှား အစိုးရအနေဖြင့် ဈေးချိုသာသော ပို့ဆောင်ဆက်သွယ်ရေးစနစ် များကို ဖန်တီးပေး ပါက မြင့်တက်လာသော လူမှု စရိတ်များကို ကာမိစေပါသည်။ အစိုးရ အသုံးစရိတ်ဖြင့် အကုန်ကျခံ တည် ဆောက်ပေး သည့် Infarstrusture စီမံကိန်းကြီး များကို ဗဟိုမှချုပ်ကိုင် နေခြင်း သည် ဒေသတွင်း အလုပ် အကိုင်ဖြစ်ထွန်းမှု ကို အဟန့် အတားဖြစ် လျက်နေသည်။ “မလေးရှားအစိုးရမှ သက်ဆိုင်ရာ ပြည်နယ် အစိုးရ တွေထံ စီမံကိန်း တွေ လွဲပြောင်း ပေးသင့်ပါတယ် ” ဟု ၄င်းက ထောက်ပြပါသည်။

ဥပမာ အားဖြင့် ဆိုရလျှင့် Klang Vally နှင့် Peninsula အနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက် အကောင် အထည် ဖေါ်နေသော စီမံကိန်းများအား မလေးရှား အစိုးရ က ချုပ်ကိုင် လျက်ရှိသည်။ ပီနန် ရှိ ဘတ်စ် ကားလိုင်းများအား မလေးရှား ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ကွပ်ကဲ နေခြင်းအပေါ် ၄င်းက “ ပီနန်မှာ ရှိနေတဲ့လူတွေကို ၀န်ဆောင်ပေးမဲ့ ဒီကိစ္စကို ပြည်နယ် အကြောင်း ပိုသိတဲ့ ပြည်နယ် အစိုးရကပဲ လုပ်ဆောင် ထားသင့်တာ မဟုတ်ဘူးလား ” ဟု မေးခွန်း ထုတ်ထားသည်။

နှစ်စဉ် အုံနှင့်ကျင်းနှင့် ၀င်ရောက်လာသော နိုင်ငံခြား အလုပ်သမား များ ကမလေးရှား စီးပွားရေးကို မောင်းနှင် ပေးနေသည်။သို့သော ယင်းအလုပ်သမားများကြောင့် အလုပ်အကိုင် ဆုံးရှုံးသွားရခြင်း၊ လစာနည်းပါးလာရခြင်း၊ နှင့် လူမှုစရိတ် ကြီးမြင့်လာခြင်း တို့သည် လက်တလော မလေးရှား မီဒီယာများက ကွက်ကွက်ကွင်းကွင်း ထောက်ပြလာကြသည်။

လာမည့်နှစ်တွင် အာဏာရ UMNO ပါတီအနေဖြင့် လာမည့် နှစ်ရွေး ကောက်ပွဲတွင် ပြည်သူ များ၏ ထောက်ခံမှု လိုအပ်နေရာ အာဏာရ ပါတီ အစိုးရအနေဖြင့် ပြည်သူ များ ကို မည်သို့ သော အလုပ်သမားရေးရာဆိုင်ရာ ပေါ်လစီ ချမှတ်ပြပြီး ဆွဲဆောင် မည် ကို စောင့်ကြည့်ရ အုံးမည်ဖြစ်သည်။

ဝါရီရူသား

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။