Home » , » စင်ကာပူနိုင်ငံတွင် မြန်မာရုပ်ရှင် ဇာတ်ကားသစ်များ ပုံမှန်ပြသနိုင်ရန် ဇာတ်ကားသစ်များ နည်းပါးနေ

စင်ကာပူနိုင်ငံတွင် မြန်မာရုပ်ရှင် ဇာတ်ကားသစ်များ ပုံမှန်ပြသနိုင်ရန် ဇာတ်ကားသစ်များ နည်းပါးနေ

Written By မောင်စေတနာ on Wednesday, October 26, 2011 | 11:30:00 AM



စင်ကာပူနိုင်ငံတွင် မြန်မာရုပ်ရှင် ဇာတ်ကားသစ်များ ပုံမှန်ပြသနိုင်ရန် စီစဉ်ထားသော်လည်း ပြသနိုင်သည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ် နည်းပါး နေသေး ကြောင်း သိရှိရပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ စင်ကာပူနိုင်ငံ၏ ဆင်ဆာဥပဒေအရ မူပိုင်ခွင့် နှင့် ကင်းလွတ်သည့် ဇာတ်ကားမှာ နည်းပါးခြင်း၊ ဇာတ်ကား ရိုက်ကူးထားသည့် ပုံစံမှာလည်း ဟာသဇာတ်ကားများသာ များပြားနေခြင်း၊ ဒရာမာ ဇာတ်ကား စစ်စစ်အား သွားရောက်ပြသမည် ဆိုပါကလည်း ပရိသတ် စိတ်ပါဝင်စားမှုမှာ မသေချာခြင်း၊ ဈေးကွက်ပိုင်းဆိုင်ရာ အရ မျှော်လင့်နိုင်သည့် အလားအလာမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။

“ပုံမှန်ပြသနိုင်တဲ့ အခွင့်အရေး ရှိသော်ငြားလည်း ဇာတ်ကားမရှိသေး ဘူးလို့ဆိုရမှာပါ”ဟု ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။

စင်ကာပူနိုင်ငံတွင် မြန်မာ ဇာတ်ကားများ ပုံမှန်သွားရောက် ပြသနိုင်ရန်အတွက် စင်ကာပူရောက် မြန်မာ လုပ်ငန်းရှင်များ ကြိုးစားခဲ့ရာ၌ စင်ကာပူနိုင်ငံရှိ Kreta Ayer Theater တွင် ပြသရန် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ပထမဆုံး ဇာတ်ကား အဖြစ် ‘အာဒမ်ရယ် ဧ၀ရယ် ဒသ ရယ်’ ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး ပရိသတ် စိတ်ဝင်စားမှု များပြားခဲ့သည် ဟု သိရှိရသည်။ ထပ်မံပြသရန် အတွက် ‘လက်ပံ’ ရုပ်ရှင်ဇာတ်ကားကို ရည်ရွယ်ထားပြီး ဆင်ဆာခွင့်ပြုချက် ရရှိသည်နှင့် ပြသနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။