Home » , » Vista မှာ partition တွေကို ပြုပြင် ထိန်းသိမ်းမယ်

Vista မှာ partition တွေကို ပြုပြင် ထိန်းသိမ်းမယ်

Written By မောင်စေတနာ on Friday, October 21, 2011 | 10:20:00 AM

Vista မှာရှိတဲ့ partition တွေကိုပြုပြင်ဖို့ဆိုတာကလည်း နဂိုကတည်းကအချက်လက်တွေရှိထားရင် အတော်သတိထားရမှာ ဖြစ်ပါတယ်။ အချက်လက်တွေကပိုပြီး တော့အရေးကြီးခဲ့ရင် သတိကြီးကြီးထားပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ် ခင်ဗျာ။

ဒါကြောင့် disk အရွယ်စားပြုပြင်တော့မယ်ဆိုရင် အရင်ဆုံးလုပ်သင့်တာက အထဲ
data တွေကို တစ်နေနေရာမှာ back-up လုပ်ထားမှသာလျှင် စိတ်ချလက်ချ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ စမ်းသပ်ထားပြီးသား ဆိုပေမယ့် လုံးဝပြည့်စုံတယ်လို့တော့ အာမခံလို့မရပါဘူး ခင်ဗျာ....

- Start menu ကိုသွားလိုက်ပါခင်ဗျာ ၊ Computer ဆိုတဲ့စာသားပေါ်မှာ right click ခေါက်ပေးလိုက်ပါခင်ဗျာ။ အဲဒီအခါမှာ dialog box ပေါ်လာမှာဖြစ်ပါတယ်။ - Manage ကို click ခေါက်ခဲ့မယ်ဆိုရင်တော့ Computer Management ကို တွေ့ရမှာဖြစ်ပါတယ်။

- အဲဒီထဲက Storage ကို click ခေါက်ပြီး Disk Management tool ကိုတွေ့တဲ့အခါမှာ Disk Management ကို click ခေါက်လိုက်ပါ။ - ပြင်ချင်တဲ့ partition ပေါ်မှာ right click ခေါက်လိုက်ပါ။ဒီလို right click ခေါက်လိုက်တဲ့အခါ menu အသစ်ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ - ဒီ menu ပေါ်လာခဲ့လျှင် menu အထဲရှိ shrink volume ကို click ခေါက်လိုက်ပါ ၊ အဲဒီအခါ partition ကိုအရွယ်စားပြင်နိုင်တဲ့ window ပေါ်လာပါလိမ့်မယ်။

- ပြုပြင်ချင်တဲ့ အရွယ်စားကိုရိုက်ထည့်လိုက်ပါ ၊ အဲဒီအခါ Vista ကပြင်ထားတဲ့ပမာဏကို Vista ကတွက် ချက်ပေးပါလိမ့်မယ်။- Shrink ကိုနှိပ်လိုက်ရင် အရွယ်စားကပြောင်းပြီးသားဖြစ်သွားပြီး ရိုက်ထည့်ပေးလိုက်တဲ့ ပမာဏဟာ မသန့်စင်ရသေးတဲ့ partition အသစ်ဖြစ်ပေါ်လာ မှာဖြစ်ပါတယ်။



Source by :http://ayarnyinaung.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။