Home » » မလေးရှားသို့ တရားမ၀င် ခိုးဝင်သူ မြန်မာ ၄ ဦး ဖမ်းမိ

မလေးရှားသို့ တရားမ၀င် ခိုးဝင်သူ မြန်မာ ၄ ဦး ဖမ်းမိ

Written By မောင်စေတနာ on Sunday, October 30, 2011 | 12:30:00 AM



BUKIT KAYU HITAM- မလေးရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦးနှင့် ၈-နှစ်အရွယ်သမီးတို့ ပါဝင်သည့်မြန်မာ ၄ ဦးကို ကားပေါ်တွင် အင်္ဂါနေ့က ဖမ်းဆီးရမိခဲ့သည်။

ကားနောက်ခန်းရှိ ပစ္စည်းများ ထည့်သည့်နေရာတွင် အမျိုးသမီး၏ မောင်များဖြစ်သည့် အသက် ၂၃နှင့် ၂၅ နှစ်အရွယ်တို့သည် လိုက်ပါလာကြသည်။ ဒေသခံကားသမားကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နောက်ခန်းတွင် ထိုင်လိုက်လာသော တခြား မြန်မာ ၂ ဦးမှာ အနားရှိတောအုပ်အတွင်းသို့ ထွက်ပြေး လွတ်မြောက်သွားသည် ဟု ဆိုသည်။

ပြည်နယ် လူကုန်ကူးမှုတိုက်ဖျက်ရေး ယူနစ် တပ်မှူး Noor Mohamed Shaik Alaudinက နေလယ် ၂ နာရီ ၃၀ တွင် လူ ၄ ဦး ပါဝင်သည့် အုပ်စုက Jalan Kampung Padang 1တွင် ကားကို ရပ်တန့်ခိုင်းခဲ့သည်ဟု ပြောသည်။

“သူတို့က ဂေါက်အပန်းဖြေနေရာနဲ့ နီးတဲ့ ထိုင်း-မလေး နယ်စပ်ကနေ ခရီးထွက်လာကြတာပါ၊ မောင်နှမ ၂ ယောက်က ကားနောက် မှာ ပုန်းနေတဲ့အချိန်မှာပဲ အမျိုးသမီးနဲ့ ကလေးက နောက်ဘက်မှာ ထိုင်နေတယ်၊ ဒါပေမယ့် တခြားလူ ၂ ယောက်က အနီးက တောအုပ်ထဲ ၀င်ပြေးသွားတယ်” ဟု Noor Mohamed Shaik Alaudinက ပြောသည်။

နိုင်ငံခြားသားများတွင် ခရီးသွားလက်မှတ် တစုံတခုမပါကြောင်းလည်း သူက ပြောသည်။

ကားဒရိုင်ဘာကို ရဲတပ်ဖွဲ့သို့ အပ်နှံသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများကို Belantik လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်မည်ဖြစ်သည်ဟု ပြောသည်။

ကားဆရာကိုလည်း လူဝင်မှုကြီးကြပ်ရေး (လ၀က) ဥပဒေ ၅၅ က(၁)ဖြင့် တိုင်းပြည်အတွင်းသို့ တဦးတယောက်ကို တရားမ၀င် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ သယ်ဆောင်မှုဖြင့် စစ်ဆေးမည်ဖြစ်သည်။

ပြစ်မှုထင်ရှားပါက မလေးရှား ရင်းဂစ် ၁၀၀၀၀-၅၀၀၀၀ကြားနှင့် ထောင်ဒဏ် ၂နှစ်မှ ၅ နှစ်၊ ကြိမ်ဒဏ် ၆ ချက်ထက်မနည်း ကျခံနိုင်ကြောင်းသိရသည်။

လ၀က ဥပဒေပုဒ်မ ၆(၁)(ဂ) မလေးရှားနိုင်ငံသို့ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်နေထိုင်မှုဖြင့် နိုင်ငံခြားသားများကို စုံစမ်းစစ်ဆေး နေသည်ဟု ဆိုသည်။

Source by : သူရိယ သတင်းဂျာနယ်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။