Home » » ဒီရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကပစ်မှတ်က လာလီဂါ ချန်ပီယံဖြစ်ရေးပါ-ရော်နယ်လ်ဒို

ဒီရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကပစ်မှတ်က လာလီဂါ ချန်ပီယံဖြစ်ရေးပါ-ရော်နယ်လ်ဒို

Written By မောင်စေတနာ on Thursday, October 27, 2011 | 5:30:00 PM



ဒီရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကပစ်မှတ်က လာလီဂါချန်ပီယံဖြစ်ရေးပါ - ရော်နယ်လ်ဒို

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ယခုနှစ် ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းထံမှ လာလီဂါချန်ပီယံ ဆုဖလားကို ပြန်လည်ရယူနိုင်ရေးမှာ မိမိတို့အသင်း၏ အဓိကပစ်မှတ်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ရော်နယ်ဒိုဟာ မန်ယူအသင်းတွင် ကစားခဲ့စဉ်က ပရီးမီးယားလိဂ် ဆုဖလားကို (၃) ကြိမ်အထိ ရယူနိုင်ခဲ့သော်လည်း ၂၀၀၉ဘောလုံးရာသီတွင် ရီးရဲလ်သို့ ပြောင်းရွေ့ခဲ့ပြီး နောက်ပိုင်းတွင် အမှတ်ပေးဆုဖလားကို တစ်ကြိမ်တစ်ခါမှ ရယူနိုင်ခြင်း မရှိသေးပေ။

ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါအမှတ်ပေး ချန်ပီယံဆုကို အများဆုံးအဖြစ် ၃၁ကြိမ်အထိ ရယူထားနိုင်ခဲ့သော်လည်း ၂၀၀၇ - ၂၀၀၈ ဘောလုံးရာသီမှ စ၍ ဘာစီလိုနာအသင်း၏ နောက်ကောက်ချခြင်း ခံနေခဲ့ရသည်။ ထို့ကြောင့် စီရော်နယ်ဒိုအနေနှင့် ယခုနှစ်တွင် အမှတ်ပေးဆုဖလားအား ပြန်လည်ရယူရန် စိတ်အားထက်သန် နေခြင်းဖြစ်သည်။

ရော်နယ်ဒိုက “ လာလီဂါဖလားကို ကျွန်တော် ရယူလိုပါတယ်။ အသင်းရဲ့ အဓိကရည်မှန်းချက်ကလည်း လာလီဂါဆုဖလားလို့ပဲ ကျွန်တော်ထင်ပါတယ်။ လာလီဂါဖလားကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကိုလည်းပဲ ရယူနိုင်မှာပါ။ မဖြစ်နိုင်အကြောင်းစရာ မရှိပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြီးကျယ်တဲ့ အောင်မြင်မှု့တွေကို ရယူဖို့ အမြဲတမ်း ရည်မှန်းနေတဲ့အသင်းပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်း ဖြစ်နေလို့ပါပဲ ” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။