Home » » စင်ကာပူ သင်္ဘောကျင်းလုပ်သား မြန်မာထက် အိမ်နီးချင်း နိုင်ငံသားများကို ပိုခေါ်လာ

စင်ကာပူ သင်္ဘောကျင်းလုပ်သား မြန်မာထက် အိမ်နီးချင်း နိုင်ငံသားများကို ပိုခေါ်လာ

Written By မောင်စေတနာ on Thursday, October 6, 2011 | 4:30:00 PM



စင်ကာပူ သင်္ဘောကျင်းများ အတွက် လုပ်သားများခေါ်ယူရာတွင် မြန်မာလုပ်သားများထက် အိမ်နီးချင်း နိုင်ငံများမှ လုပ်သားများပိုမို ခေါ်ယူ လာကြကြောင်း စင်ကာ ပူရောက် မြန်မာလုပ်သားများနှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များမှ သိရသည်။

”စင်ကာပူမှာက အတွေ့အ ကြုံရှိတဲ့သူဦးစားပေးခေါ်တာ။ ဟို ရောက်သွား တဲ့မြန်မာတွေက အခု တလောအတွေ့အကြုံနည်းတဲ့သူ တွေများလာတယ်။ တချို့လည်း အတွေ့အကြုံမရှိကြဘူး။ ဒီတော့ အတွေ့အကြုံရှိတဲ့လာအိုတို့၊ အိန္ဒိ ယတို့၊ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေက နေပိုခေါ်ယူနေကြတယ်” ဟုဗိုလ် တထောင်မြို့နယ်အတွင်းရှိ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တစ်ခုမှဦးရဲဝင့်ကပြောသည်။

ပညာ အရည်အချင်းနှင့်အ တွေ့အကြုံပိုင်း၌ယှဉ်လျှင် မြန်မာ များသည်စင်ကာပူသင်္ဘောကျင်းမှ လက်ခံနိုင်လောက်သောအရည်အ ချင်းမရှိကြကြောင်း၊ အထူးသဖြင့် လက်တွေ့လုပ်ဆောင်ခိုင်းသောအခါ လိုအပ်ချက်များ ထင်ထင်ရှားရှားပေါ် လာသဖြင့် သင်္ဘောကျင်းရှိလူကြီး များ (အုပ်ချုပ်သူများ) ကမြန်မာ များကိုအတွေ့အကြုံ သိပ်မလိုသည့် အထွေထွေလုပ်သား၊ သန့်ရှင်းရေး အစရှိသောနေရာများ တွင်သာ ပြောင်းလဲလုပ်ကိုင်ခိုင်းကြောင်း ၄င်း ထံမှသိရသည်။

စင်ကာပူပရိုက်ဗိတ်သင်္ဘော ကျင်း ၌ အလုပ်လုပ်ကိုင်နေသူတစ်ဦး က ”မြန်မာတွေထက် အခုအိန္ဒိယ တို့၊ မလေးရှားတို့စသဖြင့် အခြား နိုင်ငံတွေကလုပ်သားတွေက အ တွေ့အကြုံအရ သာတယ်လို့ ဆိုရ မယ်။ သူတို့ဆီမှာက ပြည်ပမထွက် ခွာခင်ကတည်းက သူတို့ပြည်တွင်း မှာ လက်တွေ့ ကောင်းကောင်းကြီး သင်ခဲ့၊ လုပ်ခဲ့ကြတယ်။ သူတို့နဲ့ယှဉ် လိုက်တဲ့အခါ မြန်မာ တွေ ဘေး ရောက်ကုန်ကြတယ်။ မြန်မာတွေ လက်တွေ့မှာ တအားလိုတယ်” ဟု ဆိုသည်။

ယင်းကဲ့သို့ အလုပ်လုပ်ရန် သွားသောနေရာနှင့် အလုပ်ရသည့် နေရာ ကွာခြားခြင်းအပေါ် ဦးရဲဝင့်က ”လစာတွေကလည်းကွာတယ်။အခွင့် အရေးတွေကွာသွားတယ်။ ဒီလိုကွာ သွားတဲ့အခါ ကျွန်တော်တို့ အေးဂျင့် တွေကပဲ ညာသလို လိုဖြစ်နေတယ်။ လူတွေက ရပိုင်ခွင့်တွေကွာသွား တာပဲသိတယ်။ ဘာကြောင့်ကွာတယ် ဆိုတာလည်းသိဖို့လိုတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံရှိသင်္ဘောကျင်းTraining Centre များသည် မိသားစုပိုင်များ ပြုလုပ်ကြသည်သာ များကြောင်းလည်း ၄င်းထံမှ သိရ သည်။စင်ကာပူ သင်္ဘောကျင်းတွေက လက်ခံနိုင်လောက်တဲ့Training CentreတွေထဲမှာArbour Field Training Centre လောက်ပဲ ရှိ တယ်။ မြန်မာတွေသင်တန်းကောင်း ကောင်းတက်စေချင်တယ်။ ဒါပေမဲ့ သူတို့ကလည်း ပိုက်ဆံ ကျတော့ မပေးချင်ကြပြန်ဘူး” ဟု နိုင်ငံ တကာသင်္ဘောလိုင်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသည့် ဦးနိုင် မြင့်က ပြောသည်။

အဆိုပါ သင်္ဘောကျင်းများ၌ မြန်မာ လုပ်သားများကို ၁၉၉၇ ခု နှစ်၌စတင်ခန့်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို အချိန်များ၌Train လုပ်ပြီးသား သူများသည် အရည်အချင်းပြည့်မီခဲ့ ကြောင်း၊ ယခုအခါ ကျောင်းပြီးရုံ နှင့်မရတော့ကြောင်း၊ နိုင်ငံတကာ အရည်အချင်းမီနိုင်သောအနေ အ ထားမှသာရတော့မည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောသည်။စင်ကာပူနိုင်ငံတွင် သင်္ဘော ကျင်း အကြီး ၂၆ ခုရှိပြီး၊ အသေး စား ၁ဝဝ ကျော်ရှိကြောင်း၊ ၄င်း သင်္ဘောကျင်းများကိုထောက်ပံ့ပေး သော Shipping Business Company ပေါင်း ၁ဝဝဝ ကျော်ရှိ ကြောင်း သိရသည်။

Source by : တက်လူ
Popular News
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။