Home » » မြန်မာ အိမ်ဖေါ်များကို တိုးမြင့်ခေါ်ယူရန် စင်ကာပူ စိတ်ဝင်စား

မြန်မာ အိမ်ဖေါ်များကို တိုးမြင့်ခေါ်ယူရန် စင်ကာပူ စိတ်ဝင်စား

Written By မောင်စေတနာ on Monday, September 12, 2011 | 7:18:00 AM



စင်ကာပူရှိ အိမ်ဖော် အကျိုးဆောင်ကုမ္ပဏီများသည် အင်ဒိုနီးရှား ၊ဖိလစ်ပိုင် အိမ်ဖော်များ အစား အလုပ်ကြိုးစား၍ ရိုးသားဖြောင့်မတ်သော မြန်မာ အိမ်ဖေါ်များကို တိုးမြင့်ခေါ်ယူရန် စိတ်အား ထက်သန်နေကြသည်။

ရမသွာန် ဥပုသ်ကာလအတွင်း အိမ်ဖေါ်များ ပိုမိုလိုအပ်ခဲ့သဖြင့် ရက်သတ္တပတ် ၆ပတ်မှ ရသတ္တပတ် ၈ပတ်အထိစောင့်မှသာ အိမ်ဖေါ်တစ်ဦးရ နိုင်ကြောင်း အကျိုးဆောင် ကုမ္ပဏီများက ဆိုကြသည်။ မြန်မာအိမ်ဖေါ် ရှာဖွေရေး ကုမ္ပဏီTM Global က သြဂုတ်လ ၁ရက်နေတွင် စတင်ခဲ့သော ရမသွာန် ဥပုသ်လ ကြောင့် ၃၀%ခန့် ၀န်ဆောင်မှု နှုန်းမှာ မြင့်တက်ခဲ့ ကြောင်း ပြောပါသည်။

စင်ကာပူတွင် အိမ်ဖေါ် အလုပ်လုပ်နေသူ အသက် ၃၄နှစ်အရွယ် မြန်မာ အိမ်ဖေါ် မြမြခိုင် မှ “ အခု ကျွန်မ တစ်လကို ဒေါ်လာ ၄၈၀ လောက်ရနေပါတယ်။ မြန်မာပြည် ပြန်ရင်တော့ ကားတစ်စီးဝယ် ဖို့စိတ်ကူးထားပါတယ်

သူငယ်ချင်းတစ်ယောက်ဆို တက္ကဆီ ထောင် ထား တော့ လစဉ် ၀င်ငွေ ရှိနေတယ်။ ”ဟု ပြောပါသည်။ မြမြခိုင်မှာ မြန်မာပြည်တွင် ကျန်ခဲ့ သော အသက် ၁၁နှစ် နှင့် ၇နှစ် အရွယ်နှစ်ဦး အတွက် ကျောင်းစရိတ် ထောက်ပံ့ပေးနေသူဖြစ် သည်။ စင်ကာပူသို့ ၂၀၀၉ ခုနှစ်တွင် ရောက်ရှိကာ ကိုးရီယားမိသားစု တစ်ခုတွင် အိမ်ဖေါ်အဖြစ် လုပ်ကိုင်ခဲ့ သည်။ ယင်းအလုပ်အကိုင်ကို ရွေးချယ်ရခြင်းအပေါ် သူမက “ မြန်မာပြည်မှာတုန်းကတော့ အထည် ချုပ် လုပ်ခဲ့တာပါ။

လစာက ဒေါ်လာ ၆၀လောက်ပဲရတာလေ ။ စင်ကာပူမှာက လစာမြင့်တယ် ”ဟု ဆိုပါသည်။ လက်ရှိတွင်သူမ၏ လစာမှာ ဒေါ်လာ ၄၆၀ခန့်ရရှိနေသည်။ စင်ကာပူတွင် အလုပ်လုပ် ကိုင်နိုင်ဖို့ အင်္ဂလိပ်စာကို ၅နှစ်လောက် သင်ယူခဲ့ရကြောင်း သူမက ဆိုသည်။

“ အင်္ဂလိပ်စာက ကျွန်မအတွက် ခက်ခဲတုန်းပါပဲ ။အင်တာဗျူးတုန်းကဆို ကျွန်မ အိမ်ရှင်က a cup of tea လို့ ပြောတော့ ကော်ဖိခွက် အစား နို့ခွက် ကို ယူပေးမိခဲ့တာရှင့် ”ဟု သူမ၏ အိမ်ဖေါ်အဖြစ် ဖြတ်သန်းခဲ့ရပုံကို ပြောပြသည်။ မြန်မာ အိမ်ဖေါ်များသည် စင်ကာပူတွင် လစာ ၃၈၀ဒေါ်လာ ခန့်ရရှိနိုင်သော်လည်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အိမ်ဖေါ်များနှင့် ယှဉ်ပါက လစာနည်းပါးလှသည်။ လက်ရှိ ဈေးကွက် တောင်းဆိုမှု ဆက်လက်မြင့်တက်နေပါက စင်ကာပူ အိမ်ဖေါ်ဈေးကွက်တွင် မြန်မာအများအပြား လိုအပ်နေဦး မည် ဟုသိရသည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။