Home » » UNHCR မှ မိမိနိုင်ငံသို့ ပြန်ပို့မည့်အရေး ဖယ်ရှား အတည်ပြုချက်ပေး

UNHCR မှ မိမိနိုင်ငံသို့ ပြန်ပို့မည့်အရေး ဖယ်ရှား အတည်ပြုချက်ပေး

Written By မောင်စေတနာ on Thursday, September 1, 2011 | 4:44:00 AM



မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက မလေးရှားရောက် ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး ပြောဆိုသည်မှာ UNHCR အသိအမှတ်ပြု စာရွက်နှင့် ကဒ် ကိုင်ဆောင်သူ အားလုံးသည် မလေးရှားလ၀က 6P - စီမံကိန်းတွင် ဝင်ရောက် ဆောင်ရွက်လျှင် နေရပ်သို့ လုံးဝ ပြန်ပို့လိမ့်မည် မဟုတ်ကြောင်း ယနေ့ Free Malaysia Today သတင်းမှ အတိအလင်း ထုတ်ပြန် ကြေညာထားသည်ကို လွင်ပြင် ဝိုင်းတော်သားများမှ အကျဉ်းချုံး ဘာသာပြန်ဆို ထားပါသည်။

ပစ်တလင်းဂျာယာ ။ ။ UNHCR မှ ဒုက္ခသည်များ 6P လက်ဗွေနှိပ် မှတ်ပုံတင်အပြီး နေရပ်သို့ပြန်ပို့မည်ကို ကြောက်ရွံ့နေကြသဖြင့် မလေးရှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ UNHCR သို့ ပေးပို့စာဖြင့် ထောက်ခံ အတည်ပြု လိုက်ပါသည်။

မလေးရှားအစိုးရမှလည်း UNHCR မှ အသိအမှတ်ပြုထားသော စာရွက်နှင့် ကဒ် ကိုင်ဆောင်သည့် ဒုက္ခသည် အားလုံးကို နဂိုရှိရင်းစွဲ အနေအထားတိုင်း ဆက်လက်နေထိုင်ခွင့် ပြုရန် ထပ်လောင်း အတည်ပြု ပြောဆိုသွားပါသည်။

ဒုက္ခသည်များအတွက် သတင်းကောင်း...

တရားမဝင်လုပ်သားများအတွက် 6P- စီမံကိန်း ဆောင်ရွက်နေသော်လည်း တရားဝင် လုပ်သား အားလုံးအတွက်လည်း ၎င်းစီမံကိန်းအတိုင်း များမကြာမီ ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေငြာထားပါသည်။

အထက်ဖေါ်ပြပါ ဒုက္ခသည်များနှင့် သက်ဆိုင်သည့် 6P - စီမံကိန်းအတွက်လည်း မလေးရှားအစိုးရနှင့် ၎င်း၏ ဝန်ကြီးဌာနများ ဖြစ်ကြသော ပြည်ထဲရေး၊ လ၀ကနှင့် ရဲတပ်ဖွဲ့ တို့အား ပြည်တွင်းပြည်ပ မီဒီယာများမှ တရားမဝင်လုပ်သားနှင့် ဒုက္ခသည် များအတွက် သီးခြားကဏ္ဍ ခွဲထုတ် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန် ထိုးနှက် ခံခဲ့ရသည်။

UNHCR မှ Yante က “ဒီကိစ္စဟာ UNHCR နှင့် မလေးရှား အစိုးရအကြား သိသာထင်ရှားသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း” ထုတ်ဖေါ်ပြောဆိုသွားပါသည်။

Yante မှ ဥပဒေ စိုးမိုးရေး သက်ဆိုင်ရာ ရဲအရာရှိများမှ မည်သူ မည်ဝါဖြစ်ကြောင်း သတ်မှတ် ခွဲခြားခံရသည့် ဒုက္ခသည်တို့အား ပိုမိုအားဖြည့် အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ထပ်လောင်း ပြောဆိုသွားပါသည်။

ဒုက္ခသည်တို့အား တရားဝင် အလုပ် လုပ်ပိုင်ခွင့်နှင့် ၎င်းနှင့် သက်ဆိုင်သည့် သဘောတူညီချက် များကိုလည်း UNHCR နှင့် မလေးရှား အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မူ လိုအပ်နေသေးကြောင်း ဖြည့်စွက်ပြောဆို သွားပါသည်။

မှတ်ချက်။ ။ ဤသတင်းအား ယနေ့ Free Malaysia Today သတင်း ကြီးမှ အတိအလင်း ထုတ်ပြန် ကြေညာသွားပါသည်။ သို့ပါသော်လည်း UNHCR မှ UN ကဒ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များအနေဖြင့် မိမိနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ဆက်သွယ်၍ သေချာသည့် အချေအနေ တစ်ရပ်ကိုသာ စောင့်ကြည့်နေသင့်ကြောင်း ဒုက္ခသည်များအတွက် 6P လက်ဗွေနှိပ် မှတ်ပုံတင်ကာလသည် စက်တင်ဘာလလယ် အထိ အကျုံးဝင်နေဦးမည်ဖြစ်ပြီး သင့်လက်ထဲတွင် သတ်မှတ်ရက်စွဲထက် ကျော်လွန်နေသော UN ကဒ်ကိုင်ဆောင်ထားမိနေပါက UNHCR ရုံးသို့သာ သွားရောက် သက်တမ်း တိုးမြှင့်သင့်ကြောင်း ပြောကြားလိုပါသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်များကို လက်မခံလိုသဖြင့် အဆိုပါ 6P လက်ဗွေနှိပ် မှတ်ပုံတင်ရေးသို့ သွတ်သွင်းနေခြင်းသာဖြစ်ပြီး UNHCR မှလည်း ၎င်းကာလအတွင်း ဒုက္ခသည်များ 6P လက်ဗွေနှိပ်မှတ်ပုံတင်ရန် မလေးရှား လ.ဝ.က မှ စီစဉ်ပေးနေပြီဟုသာ ဖော်ပြပြီး UNHCR ကိုယ်တိုင် အတည်ပြုချက်ပေးရန်မူ ဆိုင်းငံ့ထားခဲ့သည်။

လွင်ပြင်ဝိုင်းတော်သားများ

Source by :http://lannthit2007.blogspot.com/
Share this article :

1 comments:

Anonymous said...

ကျေးဇူးအထူးပါ ကိုနေဇော်လင်းရေ.အားပေးနေပါတယ်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။