Home » » ၀ါဒါဘရီမင်ရဲ့နောက်ခံကစားသမား မာတီဆက်ကာ အာဆင်နယ်အသင်းသို့ တရားဝင်ရောက်ရှိလာ

ဝါဒါဘရီမင်ရဲ့နောက်ခံကစားသမား မာတီဆက်ကာ အာဆင်နယ်အသင်းသို့ တရားဝင်ရောက်ရှိလာ

Written By မောင်စေတနာ on Wednesday, August 31, 2011 | 9:25:00 PM



အာဆင်နယ်အသင်းဟာ ၀ါဒါဘရီမင်အသင်းရဲ့ နောက်ခံကစားသမား မာတီဆက်ကာကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘော်လ်တန်နောက်ခံ ကစားသမား ကာဟေးလ်ကို စိတ်ဝင်စားမှုမှာ အဆုံးသတ်လိုက်ပြီဟု သိရှိရသည်။ မာတီဆက်ကာကို ခေါ်ယူနိုင်ခဲ့သည့် နည်းတူစွာ ဖီနာဘာချီအသင်း၏ ဘယ်နောက်ခံ ကစားသမား အန်ဒရီဆန်းတို့စ်ကိုလည်း အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

ပရီမီးယားလိဂ်တွင် သုံးပွဲကစားပြီး တစ်မှတ်သာ ရရှိခဲ့ကာ အဆင့် ၁၇ နေရာတွင် မယုံကြည်နိုင်စွာ ရပ်တည်နေရသော ပရီမီးယားလိဂ် အသင်းကြီး အာဆင်နယ်အသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက် မပိတ်မှီတွင် အရေးပါသော နောက်ခံကစားသမား အများအပြားကို ပြန်လည်ဖြည့်တင်းလျှက် ရှိနေခဲ့ရာ ယခုအခါ အသုံးအဖြုံးနည်းပါးလှသော ၀င်းဂါးအနေဖြင့် ပေါင် ၄၅ သန်းအထိပင် အသုံးပြုရန် ကြံရွယ်နေပြီ ဖြစ်သည်။

ဆန်းတို့စ်ကို ပေါင် ၆.၂ သန်းဖြင့် ခေါ်ယူပြီး ဖြစ်သလို မာတီဆက်ကာကိုလည်း ပေါင် ၉ သန်းဖြင့် အသင်းသို့ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ကိုရီးယားတိုက်စစ်မှူး ပခ်ချူယောင်းကိုလည်း ပေါင် ၂ သန်းဖြင့် ခေါ်ယူခဲ့သေးသည်။ ထို့အပြင် ယန်းနက်စ်ကွင်းလယ်ကစားသမား ယန်းအမ်ဗီလာကိုလည်း ပေါင် ၂၂ သန်းဖြင့် ခေါ်ယူရန် စီစဉ်နေသလို ဆိုးလ်ချော့တောင်ပံ ကစားသမား မာဗယ်မာတင်ကိုလည်း ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းထားပြီး ဖြစ်သည်။



အရပ် ၆ ပေ ၆ လက်မ ရှိသော မာတီဆက်ကာကို ၀င်းဂါးက အားရလျှက် ရှိနေပြီး အာဆင်နယ်အသင်း၏ ပေါက်ထွက်နေသော နောက်တန်းကို အပြည့်အ၀ အားဖြည့်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ မာတီဆက်ကာကို အာဆင်နယ်အသင်းက လေးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ရှစ်သောင်း ပေးချေရမည်ဖြစ်သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။