Home » » မြန်မာသံရုံးတွင် CI လျှောက်ကာ ပြည်တော်ပြန်သူ များပြား

မြန်မာသံရုံးတွင် CI လျှောက်ကာ ပြည်တော်ပြန်သူ များပြား

Written By မောင်စေတနာ on Tuesday, September 20, 2011 | 8:35:00 AM



မြန်မာပြည်သို့ ပြန်လိုသော အိုဗာ စတေးသမားများအတွက် မလေးရှားနိုင်ငံ မြန်မာ သံရုံးတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံ စာ (CI) များကို အခမဲ့ ထုတ်ပေးလျက် ရှိသည်။

အဆိုပါ CI လျှောက်ထားရာတွင် မြန်မာသံရုံးသို့ လျှောက်ထားသူ၏ ကိုယ်ရေး အကျဉ်း၊ နောက်ခံအဖြူနှင့် ဓါတ်ပုံ ၄ ပုံ၊ မှတ်ပုံ တင်မိတ္တူ၊ သန်းခေါင်းစာရင်း၊ ရပ်ကွက်ထောက်ခံ စာနှင့် ရဲစခန်းထောက်ခံစာ မိတ္တူ (၃) စုံဖြင့် လျှောက်ထားရမည် ဖြစ်ပြီး လေယာဉ်လက်မှတ် ဖြတ်ကာ ပြန်နိုင်ကြောင်း သိရှိရသည်။

ပါမစ်လျှောက် သူများလည်း ယင်းကဲ့သို့ ယင်းကဲ့သို့ စာရွက်စာတမ်းများ လိုအပ်မည်ဖြစ်ပြီး ပတ်စပို့ရှိပါက ပတ်စပို့မိတ္တူ၊ ပါမစ်မိတ္တူများနှင့် အတူ မလေးရှားတွင် အလုပ်လုပ်ကိုင်နေထိုင်ခွင့် လျှောက်လွှာ (Approval) ပါ ပူးတွဲတင်ပြ လျှောက်ထားရမည် ဖြစ်ပြီး ပတ်စပို့စာအုပ်ဖိုးမှာ ရင်းဂစ် ၃၂၀ ဟု သိရှိရသည်။

မြန်မာသံရုံးမှ ပါမစ်ပြန်လည်လျှောက် ထားသူ အိုဗာစတေးသမားများအား ပတ်စပို့ စာအုပ်သက်တမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပတ်စပို့စာအုပ်အသစ်များကို စာအုပ်အသစ်၊ နံပါတ်အသစ်များဖြင့် အသစ်ပြန်လည်ထုတ် ပေး သွားမည်ဖြစ်ပြီး နှစ်မည်မျှကြာအောင် အခွန် မဆောင် သေးသည်ဖြစ်စေ၊ အခွန်ဆောင်ထား သည်ဖြစ်စေ အခွန်ကောက်ခံမည်မဟုတ်ဟု ဆို သည်။ ၎င်းအခွန်ကင်းလွှတ်ခွင့်မှာ 6P အစီအစဉ် ဖြင့် လက်ဗွေနှိပ်ကာ ပါမစ်လျှောက်ထားသော အိုဗာစတေးသမားများ အတွက်သာ ဖြစ်သည်။

တရားဝင် ပါမစ်ဖြင့် လုပ်ကိုင်သူများမှာ ပတ်စပို့သက်တမ်းကုန်ဆုံးပါက ယခင်အတိုင်း အခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း နိုင်ငံခြား ၀င်ငွေခွန် ၁၀% အား ၂% သို့ လျော့ချလိုက် ကြောင်း သြဂုတ်လ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။

စီအိုင်လျှောက်၍ မြန်မာပြည်သို့ ပြန်သူ များမှာလည်း အဆင်ပြေချောမွေ့စွာဖြင့် အမိမြေ သို့ MAI, Air Asia လေကြောင်းလိုင်းများဖြင့် ပြန်လည် ရောက်ရှိသွားကြပြီ ဖြစ်ကြောင်း သိရှိရ သည်။

လေပြည် (သတင်းကွန်ယက်)

Source by :http://newsnetworkmedia.blogspot.com/
Share this article :

1 comments:

မဒမ်ကိုး said...

အားလုံးအဆင်ပြေအန္တရာယ်ကင်းကြပါစေနော်

ဆုတောင်းလျှက်
မဒိုးကန်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။