Home » » မြင့်တက်လာတဲ့ မလေးရှားက အက်စစ်ပတ် တိုက်ခိုက်မှုများ

မြင့်တက်လာတဲ့ မလေးရှားက အက်စစ်ပတ် တိုက်ခိုက်မှုများ

Written By မောင်စေတနာ on Tuesday, September 13, 2011 | 9:20:00 PM



ယခုနှစ် အစောပိုင်းတွင် အပြစ်မဲ့ အရပ်သားများ အားမော်တော်ဆိုင်ကယ် ပေါ်ကနေ အက်ဆစ်ဖြင့် တိုက်ခိုက်မှု များဖြစ်ပွားခဲ့ပြီး နောက် ယခုတဖန် Kota Kinabalu ၌ အက်စစ်ဖြင့် လှမ်းပက် တိုက်ခိုက်မှု တစ်ခုထပ်မံဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်များ ကိုနေရာအချိန်မရွေး ဖြစ်ပွား လေ့ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ခိုးဆိုးလုယက် သူများအချင်းချင်း စိတ်သဘောထား မတိုက်ဆိုင်ပါက ယင်းနည်းလမ်းဖြင့် တုန့်ပြန်တိုက်ခိုက် လာခဲ့ကြသည်။ Kota Kinbalu အရပ်၌အသက် ၂၂နှစ်အရွယ် အမျိုးသမီးတစ်ဦး အား ရေသေနက်အသုံးချကာ အက်စစ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ သည်။

အဆိုပါ တိုက်ခိုက်သူက ယင်းအမျိုးသမီး၏ နာမည်ကိုဟစ်ခေါ် ကာလှည့်ကြည့်ခိုက်တွင် အက်စစ်ဖြင့် တိုက်ခိုက် ခြင်း ဖြစ်သည်။ အတိုက်ခံရသူLing Siew Teenမှာမျက်လုံး နှုတ်ခမ်းမေးစေ့ ပါးပြင်တို့၌ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

“ကျွန်မကားထဲကနေ ထွက်ရုံရှိသေးတယ်။ ကျွန်မနာမည် လှမ်းခေါ် တော့ လှည်ကြည့်မိလိုက်တယ်။ ကားတစ်စီး ကျွန်မဆီကိုမောင်းလာတာကိုတွေ့လိုက် တယ်။ ပြီးတော့ လူတစ်ယောက်က ကစားစရာ သေနက်နဲ့ ချိန်ပစ်လိုက်တော့ အရည်တချို့ မျက်နှာပေါ် ပေကျံသွားတာသိလိုက်ပါတယ်။

ကျွန်မလည်း ချက်ချင်းပဲပူပြင်းတဲ့ လောင်းကျွမ်းတာကို မျက်နှာပေါ်မှာ ခံစားလိုက်ရတော့ပဲ။ မျက်လုံးလဲဘာမှ မမြင်ရတော့ဘူး ။ ”ဟုသူမအတွေ့အကြုံကိုပြောပြသည်။ ဆရာဝန်များက ယင်းအမျိုးသမီး၏ အခြေနေမှ စိုးရိမ်းစရာ မရှိသော်လည်း ဆက်လက် စောင့်ကြည်ရဦးမည်ဟုဆိုသည်။

အပြစ်မဲ့ပြည်သူများအား အလစ်အငိုက်ချောင်းကာ အက်စစ်ဖြင့် တိုက်ခိုက်နေသူများအား စုံစမ်း ထောက်လှမ်းနိုင်ရန် တပ်ဖွဲ့တစ်ခု ဖွဲ့စည်းထားပြီးဖြစ်သည်။ မှုခင်းစုံစမ်းရေး အကြီးအကဲ ကတရားခံအား ဆက်လက်စုံစမ်း နေကြောင်း ပြောဆိုထားသည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။