Home » » မေလးရွားရွိ ၾသစေၾတးလ် ကျောင်းခွဲတစ်ခုတွင် မြန်မာကျောင်းသူတစ်ဦး ပညာသင်နှစ် ကင်းလွတ်ခွင့် အများဆုံးရရှိ

မလေးရှားရှိ သြစတြေးလျ ကျောင်းခွဲတစ်ခုတွင် မြန်မာကျောင်းသူတစ်ဦး ပညာသင်နှစ် ကင်းလွတ်ခွင့် အများဆုံးရရှိ

Written By မောင်စေတနာ on Saturday, September 3, 2011 | 5:02:00 AM



မြန်မာနိုင်ငံမှ ကျောင်းသူတစ်ဦးဖြစ်သည့် မစုမွန်ဇော်သည် သြစတြေးလျနိုင်ငံ၏ ကျောင်းခွဲဖြစ်သော Curtin University (Sarawak) တွင် Bachelor of Technology ဘာသာရပ်ကို လျှောက်ထားခဲ့ရာ စုစုပေါင်းပညာသင်နှစ် ၂ နှစ်နှင့် တစ်ဘာသာတက်ရောက်ရန်မလိုဘဲ ကင်းလွတ်ခွင့်ရရှိခဲ့ကြောင်း MSI ပညာရေး ဝန်ဆောင်မှုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

MSI၏ ဝန်ဆောင်မှုဖြင့် သွားရောက်ပညာသင်ကြားခဲ့သော မစုမွန်ဇော်သည် မြန်မာနိုင်ငံမှ ကွန်ပျူတာနည်းပညာဘွဲ့ (ဂုဏ်ထူး) B.C. Tech (Hons) ဖြင့် ပြီးမြောက်အောင်မြင်ခဲ့ပြီး သြစတြေးလျနိုင်ငံ၏ ကျောင်းခွဲဖြစ်သော Curtin University (Sarawak) တွင် လျှောက်ထားခဲ့သည့် Bachelor of Technology ဘာသာရပ်တွင် Foundation Year ၁ နှစ်၊ ဒီဂရီတန်းကို ပထမ ၁နှစ်၊ ဒုတိယနှစ်တွင် အဓိက ဘာသာရပ် ၁ ဘာသာ စုစုပေါင်း ၂ နှစ်နှင့် ၁ ဘာသာ တက်ရောက်ရန် မလိုဘဲ ကင်းလွတ်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းကျောင်းသူသည် Curtin Sarawak တွင်ရှိသော မြန်မာကျောင်းသားများထဲမှပညာသင်နှစ် ကင်းလွတ်ခွင့်အများဆုံး ရရှိခဲ့သော ကျောင်းသူလည်း ဖြစ်သည်။

သြစတြေးလျနိုင်ငံရှိ Curtin University Perth နှင့် မလေးရှားနိုင်ငံတွင် ကိုယ်ပိုင်နယ်မြေဖြင့် တည်ထောင်ခဲ့သော Curtin University Perthတွင် မြန်မာနိုင်ငံမှ ဘွဲ့ရကျောင်းသားများအား ဘာသာရပ်အလိုက်၊ ပညာသင်နှစ်အလိုက် ကင်းလွတ်ခွင့်များပေးအပ်လျက်ရှိ ကြောင်း သိရသည်။

Bachelor of Technologyဘွဲ့တစ်ခုရရန်အတွက် Credit Points 600 ရရှိရမည်ဖြစ်ပြီး ၄င်း Credit Points 600 တွင် မစုမွန်ဇော်မှာ မြန်မာနိုင်ငံမှ အောင်လက် မှတ်စာရင်းများဖြင့် 225Credit Points ကို ရရှိခဲ့ပြီး ကျန်ရှိသော 375Credit Points ကိုသာ Curtin University (Sarawak)တွင် ဆက်လက်သင်ယူရမည်ဖြစ် သည်။

ပညာသင်နှစ်ကင်းလွတ်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်၍ နှစ်အလိုက်အမှတ်စာရင်းများနှင့်အတူ Course Outline (သင်ရိုးညွှန်းတမ်း)များ လိုအပ်ကြောင်း၊ အသေးစိတ်တင်ပြနိုင်ပါက ပညာသင်နှစ်အလိုက် ကင်းလွတ်ခွင့် နှင့် ဘာသာရပ်ကင်း လွတ်ခွင့်သာမက ရပိုင်ခွင့်အခွင့် အလမ်းပိုများကြာင်း၊ ကျောင်း လျှောက်ရာတွင် လည်း Foundation စတက်ပြီးလျှောက်သော ကျောင်းသားနှင့် ပညာသင်နှစ်ကင်းလွတ်ခွင့် လျှောက်သော ကျောင်းသားဟူ၍ရှိရာ ပညာသင်နှစ်၊ ဘာသာရပ် ကင်းလွတ်ခွင့် လျှောက်ထားမည်ဆိုပါက သာမန်ကျောင်း လျှောက်ချိန်ကာလထက် ၂ လ စော၍ လျှောက်ထားရန်လိုကြောင်း MSIမှ MD ဒေါ်စုစုလှိုင်က ပြောသည်။

ချစ်ဆုဆွေ
(Visited 202 times, 115 visits today)

Source by :http://popularmyanmar.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။