မနက်ဖြန် အ တွက် အမှတ် တရလေး များ အယ်(လ်) ဘမ်နဲ့ ဂီ တ ခရီး တာ ထွက် ကောင်းခဲ့သူက၊Dဖြိုးဖြစ်ပါတယ်။ ပထမ အယ်(လ်)ဘမ်မှာ တေးရေးဆရာ သောမတ်(စ်)ရေးတဲ့ ဒီကောင်မလေး၊ ငါဝအောင် ငိုလိုက်မယ် သီချင်းနှစ်ပုဒ် က၊ ပရိသတ် ရင်ထဲ နေရာ ယူခဲ့နိုင်တဲ့ အတွက်၊ ဂီတဈေးကွက် မှာ အောင်မှတ် ရခဲ့သူက Dဖြိုးက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အယ်(လ်)ဘမ်ကို မဆိုင်းမတွ အကောင် အထည် ဖော်နိုင်ခဲ့ပါတယ်။
Dဖြိုးရဲ့ ဒုတိယအယ်(လ်)ဘမ်ကို၊ ကန္တာရ နှင်းဆီလို့ အမည်ပေး ထားပါတယ်။ တေးရေး ဆရာတွေကတော့၊ သောမတ်(စ်)၊ ရွှေဂျော်ဂျော်၊ လင်းလင်း၊ ဩနေသိမ်နဲ့ ဂျီးနော်တို့ရဲ့ သီချင်းတွေကD ဖြိုးက ရွေးချယ် သီဆိုထားပါတယ်။
Dဖြိုးနဲ့ သူငယ်ချင်းတွေ ဖွဲ့စည်းထားတဲ့၊Made in Heaven Band နဲ့ P.T.L စတူဒီယိုမှာ တီးခတ်သီဆိုထားပါတယ်။ ဗီစီဒီကတော့ လက်စသတ်နေပြီး၊ ဓါတ်ပုံ ပီတာ၊ သောမတ်(စ်)၊သုံးပေါင်၊ဏကြီး၊ ရဲမြင့်သူတို့က အသီးသီး လက်စွမ်းပြ ရိုက်ကူး ထားကြတယ်လို့ ဆိုပါတယ် ။
ဗီစီဒီထွက် မလာခင်မှာ အသံစီဒီကို The Sun Musi က ၊ (၁၄-၈-၂၀၁၁)မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ ကန္တာရနှင်းဆီက D ဖြိုး ပရိသတ်တွေ စောင့်ကြည့် အကဲခတ်ရ ကျိုးနပ်မနပ်၊ ဆယ်ကျော်သက် ပရိသတ် အကြိုက် သီချင်းတွေနဲ့ ငြိမငြိစိတ် ဝင်စားသူများကြတယ်လို့ သိရပါတယ်။
Source by :http://www.yoyarlay.com/

0 comments:
Post a Comment